Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ ကျေးရွာချင်းဆက်လမ်းပိုင်းလေးခုကို စစ်ကောင်စီ ဘူဒိုဇာဖြင့်ဖျက်ဆီး

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ ညောင်လှမူးဆုံလမ်းအပါအဝင် လေးနေရာကို စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေပျူစောထီးများက ဘူဒိုဇာနှစ်စီးဖြင့် ဧပြီ ၉ရက်တွင် ဖျက်ဆီးသွားခြင်းဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ အများပြည်သူသွားလာနေသော ကျေးရွာချင်းဆက်လမ်းပိုင်း လေးခုကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ ညောင်လှမူးဆုံလမ်းအပါအဝင် လေးနေရာကို စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေပျူစောထီးများက ဘူဒိုဇာနှစ်စီးဖြင့် ဧပြီ ၉ရက်တွင် ဖျက်ဆီးသွားခြင်းဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“နမခကဆင်းလာတဲ့ စစ်ကြောင်းတစ်ကြောင်းစာနဲ့ ပျူအင်အား ၅၉ယောက်ပါတဲ့အဖွဲ့က ဘယ်မှမဝင်ဘဲ လမ်းပိုင်းတွေကို ဖျက်ဆီးသွားတာ။ အဲ့လမ်းတွေက အများပြည်သူသွားလာနေတာပါ”ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီပဲယင်းနှင့်ရေဦးမြို့နယ်ဆက်သွယ်သည့် အဓိကလမ်းမကြီးသည်ဒေသတွင်းစစ်ရေးအခြေအနေအရ အများပြည်သူသွားလာရန် မဆင်မပြေ၍ ကျေးရွာချင်းဆက်လမ်းများကို အဓိကထား၍ အသုံးပြုနေရစဉ် စစ်ကောင်စီက ဖက်ဆီးသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” တော်တော်ကို လူမဆန်တာဗျာ။သူတို့အဘတွေက အမိန့်ပေးရင် ကိုယ့်အမေကိုယ်တောင် ခွေးဇာတ်ခင်းမယ့်ကောင်တွေ။ အများပြည်သူသွားလာနေတဲ့လမ်းကို ဖျက်ဆီးတာဗျာ။ ဘာပြောရမှန်းတောင်မသိဘူး”ဟု ရေဦးမြို့ခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အဆိုပါလမ်းပိုင်းများ ဖျက်ဆီးသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက နှစ်ကြိမ် မ်ိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က ထိခိုက်မှုကို အတိအကျမသိရသေးကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

” သူတို့ ထိခိုက်ဒဏ်ရာရတာတွေ များတယ်။ အတိအကျတော့ ကျွန်တော်‌တို့ မသိရသေးပါဘူး” ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဧပြီ ၁ဝရက်)တွင် ရေးဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းအတွင်းသို့ ဝင်ရောက်သွားသည်ဟု သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်ဆက်ထည်းထိစပ်နေသည့် ဘုတလင်၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ထားပြီ စစ်ကြောင်းထိုးနေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook