Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ ကျေးရွာချင်းဆက်လမ်းပိုင်းလေးခုကို စစ်ကောင်စီ ဘူဒိုဇာဖြင့်ဖျက်ဆီး

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ ညောင်လှမူးဆုံလမ်းအပါအဝင် လေးနေရာကို စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေပျူစောထီးများက ဘူဒိုဇာနှစ်စီးဖြင့် ဧပြီ ၉ရက်တွင် ဖျက်ဆီးသွားခြင်းဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ အများပြည်သူသွားလာနေသော ကျေးရွာချင်းဆက်လမ်းပိုင်း လေးခုကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဒီပဲယင်းနှင့် ရေဦးမြို့နယ်ကြားရှိ ညောင်လှမူးဆုံလမ်းအပါအဝင် လေးနေရာကို စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေပျူစောထီးများက ဘူဒိုဇာနှစ်စီးဖြင့် ဧပြီ ၉ရက်တွင် ဖျက်ဆီးသွားခြင်းဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“နမခကဆင်းလာတဲ့ စစ်ကြောင်းတစ်ကြောင်းစာနဲ့ ပျူအင်အား ၅၉ယောက်ပါတဲ့အဖွဲ့က ဘယ်မှမဝင်ဘဲ လမ်းပိုင်းတွေကို ဖျက်ဆီးသွားတာ။ အဲ့လမ်းတွေက အများပြည်သူသွားလာနေတာပါ”ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီပဲယင်းနှင့်ရေဦးမြို့နယ်ဆက်သွယ်သည့် အဓိကလမ်းမကြီးသည်ဒေသတွင်းစစ်ရေးအခြေအနေအရ အများပြည်သူသွားလာရန် မဆင်မပြေ၍ ကျေးရွာချင်းဆက်လမ်းများကို အဓိကထား၍ အသုံးပြုနေရစဉ် စစ်ကောင်စီက ဖက်ဆီးသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” တော်တော်ကို လူမဆန်တာဗျာ။သူတို့အဘတွေက အမိန့်ပေးရင် ကိုယ့်အမေကိုယ်တောင် ခွေးဇာတ်ခင်းမယ့်ကောင်တွေ။ အများပြည်သူသွားလာနေတဲ့လမ်းကို ဖျက်ဆီးတာဗျာ။ ဘာပြောရမှန်းတောင်မသိဘူး”ဟု ရေဦးမြို့ခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအဖွဲ့ ဖျက်ဆီးသွားသော လမ်းပိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အဆိုပါလမ်းပိုင်းများ ဖျက်ဆီးသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက နှစ်ကြိမ် မ်ိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က ထိခိုက်မှုကို အတိအကျမသိရသေးကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

” သူတို့ ထိခိုက်ဒဏ်ရာရတာတွေ များတယ်။ အတိအကျတော့ ကျွန်တော်‌တို့ မသိရသေးပါဘူး” ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဧပြီ ၁ဝရက်)တွင် ရေးဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းအတွင်းသို့ ဝင်ရောက်သွားသည်ဟု သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်ဆက်ထည်းထိစပ်နေသည့် ဘုတလင်၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ထားပြီ စစ်ကြောင်းထိုးနေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။