Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့ရှိ စစ်​ကောင်စီ ရုံးနှစ်ရုံး တိုက်ခိုက်ခံရ

ယမန်နေ့ည ၉ နာရီကျော်တွင် ပဲခူးမြို့ ဆေးရုံကြီးအနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအနီး ဂိတ်ပေါက်နား၌ ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း ဒေသခံများက ပြောသည်။

(ဇူလိုင် ၂၄ ရက်ညက ဗုံးပစ်တိုက်ခိုက်ခံရသည့်စစ်​ကောင်စီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး /ပုံအဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)
(ဇူလိုင် ၂၄ ရက်ညက ဗုံးပစ်တိုက်ခိုက်ခံရသည့်စစ်​ကောင်စီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး /ပုံအဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)

ပဲခူးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယမန်နေ့ညပိုင်းတွင် M79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF နှင့် ​ဒေသခံများက​ပြောသည်။

ယမန်နေ့ည ၉ နာရီကျော်တွင် ပဲခူးမြို့ ဆေးရုံကြီးအနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအနီး ဂိတ်ပေါက်နား၌ ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း ဒေသခံများက ပြောသည်။

“ညက ၉ နာရီကျော်လောက်ပဲ ရှိဦးမယ် အစိုးရအဖွဲ့ရုံးဝန်းထဲမှာ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတယ်။ အဲဒီ့ဝန်းထဲက ထွေအုပ်ရုံး ဂိတ်ပေါက်နားမှာ ပေါက်တာလို့ သိရတယ်။ ထိခိုက်ပျက်ဆီးမှု အခြေအနေတော့ မသိရသေးပါဘူး” ဟု ပဲခူးမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်ရေးတွင် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက်အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်းနှင့် ပဲခူးမြို့နယ် ပကထ တပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူး​ဒေသ PDF က ယနေ့ (ဇူလိုင် ၂၅) အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းပေါက်ကွဲမှုကြောင့် ယနေ့ နံနက်တွင် ပဲခူးမြို့ အစိုးရအဖွဲ့ရုံးအနီး၊ ဆေးရုံကြီးအနီးနှင့် ရွှေမော်ဓောဘုရားလမ်းတို့တွင် စစ်ကောင်စီဝင် အများအပြား လှည့်လည်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

“ညက အစိုးရရုံးထဲမှာ ဗုံးပေါက်လို့ ဆိုပြီး ဒီမနက်စစ်သားတွေ အစစ်အဆေးကြမ်းနေတယ်။ ရုံးအဝင်ဝမှာတင် ဝန်ထမ်းတွေရော ပြည်သူတွေပါ အဝင်အထွက်စစ်နေတာ တွေ့ခဲ့တယ်။ အစိုးရအဖွဲ့ရုံးနား၊ ဆေးရုံကြီးနားနဲ့ ဘုရားလမ်း ပေါ်တွေမှာလည်း စစ်ကားတွေ တောက်လျှောက်ပတ်နေပါတယ်” ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။