Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်ယာန်ဒေသ စစ်ကူလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွာသွားဟု KIA ပြော

ကချင်ဒေသခံ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ ယမန်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက် KIAနှင့် စစ်ကောင်စီ နေရာ ၃ခုတွင် တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

(ရှေ့တန်းစစ်ဆင်ရေးတစ်နေရာမှ KIA တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရှေ့တန်းစစ်ဆင်ရေးတစ်နေရာမှ KIA တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားသည်ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဇူလိုင် ၂၅ရက် တိုက်ပွဲများမှာ တိုက်ပွဲကြီးများဖြစ်ပွားခြင်းမဟုတ်ဘဲ ခုခံတိုက်ခိုက်မှုသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မြစ်ကြီးနားဘက်ကနေ နမ့်ဆန်ယာန်ဘက်ကို စစ်ကူတက်လာတဲ့ အဖွဲ့တွေကို ဒဘတ်ယန်ဘက်မှာ မနက်ပိုင်းတစ်ခါ၊ ညနေပိုင်းတစ်ခါ၊ မနေ့ညတုန်းက နှစ်ခါတိုက်ပွဲဖြစ်တာပေါ့။ ကျနော်တို့ဘက်က ခုခံတိုက်ခိုက် တဲ့အချိန်မှာ သူတို့လည်း ပြန်ပြီးမှ ဆုတ်သွားဆုတ်သွား အဲဒီလိုပြန်ဖြစ်သွားတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ည သန်းခေါင်တွင် စစ်ကောင်စီတပ်က နမ့်ဆန်ယာန်ဒေသသို့ လေယာဉ်ပျံဝဲမှုရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ညသန်းခေါင်ယံလောက်မှာ လေယာဉ်ပျံလည်း လာတော့လာတယ်။ ဒါပေမဲ့ ဗုံးကြဲတာတွေတော့ မရှိဘူး။ ဝဲပြီးမှ ပြန်ခေါက်သွားတာ။ မြေပြင်ဘက်မှာ နည်းနည်းတော့ သူတို့ပြန်လှုပ်ရှားလာတယ်။ လှုပ်ရှားလာလို့ကျနော်တို့ ပြန်ပြီးမှ အောင်ဂျာ မလိယန်ကြားမှာ ကျနော်တို့ ပြန် ခုခံတိုက်ခိုက်မှုလုပ်တဲ့အခါ သူတို့လည်း ပြန်ပြီးမှ ငြိမ်သွားတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်က နမ့်ဆန်ယာန်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားအချို့သေဆုံးကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပျက်စီးခဲ့သည်။

ကချင်ဒေသခံ သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ ယမန်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက် KIAနှင့် စစ်ကောင်စီ နေရာ ၃ခုတွင် တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။