Connect with us

Hi, what are you looking for?

သတင်း

ကသာနယ်ရောက်ရှိလာသော စစ်ကောင်စီရေယာဉ်အုပ်စု ပစ်ခတ်၍ (၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

ဧရာဝတီမြစ်ကမ်းဘေးကျေးရွာဖြစ်သော ဦးစောကျွန်းရွာမှ ဦးဖိုးစိုင်၊ဒေါ်ဆယ်တို့၏ (၁၀)နှစ်ခန့်အရွယ် သမီးငယ်မဝါဆိုမိုးဦးသည် စစ်ကောင်စီပစ်သော လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ထီးချိုင့်မြို့ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောအုပ်စုသည် ကသာမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများအား လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ရာ (၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီရေယာဉ်သင်္ဘောအုပ်စုသည် ထီးချိုင့်မြို့ဆိပ်ကမ်းမှ ယနေ့(ဩဂုတ် ၃ရက်) နံနက်ပိုင်းတွင် ထွက်ခွာလာပြီး နံနက် ၁၁နာရီခွဲခန့်တွင် ကသာမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

ဧရာဝတီမြစ်ကမ်းဘေးကျေးရွာဖြစ်သော ဦးစောကျွန်းရွာမှ ဦးဖိုးစိုင်၊ဒေါ်ဆယ်တို့၏ (၁၀)နှစ်ခန့်အရွယ် သမီးငယ်မဝါဆိုမိုးဦးသည် စစ်ကောင်စီပစ်သော လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“စည်တီးသလိုကို ပစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရေယာဉ်သင်္ဘောအုပ်စုသည် ယနေ့ညတွင် ကသာမြို့နယ်ရှိ သဖန်းဆိပ်ကျေးရွာ၌ ညအိပ်တပ်စွဲနေသည်။

ကသာမှထွက်ခွာပါက ကချင်ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိလာမည်ဖြစ်၍ မြစ်ကမ်းဘေးကျေးရွာနေပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုတွင် သင်္ဘာကိုးစီးပါဝင်ပြီး မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်သို့ သွားမည်ဖြစ်ပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်များ သယ်ဆောင်လာကြောင်းတော်လှန်ရေးအင်အားစုများက သတင်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။