Connect with us

Hi, what are you looking for?

သတင်း

ကရင့်လက်နက်ကိုင်အဖွဲ့တွေ စုစည်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

ကရင့်လက်နက်ကိုင်အစုအဖွဲ့တွေဟာ ကိုယ့်အဖွဲ့ရပ်တည်နိုင်ဖို့နဲ့ ကိုယ်ကျိုးရှာနေကြသူတွေမဖြစ်စေဖို့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလို့လည်း KNU ဥက္ကဋ္ဌက အသိပေးပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

ကရင်လက်နက်ကိုင်အစုအဖွဲ့တွေ KNU ရဲ့ ဦးဆောင်မှု အောက်မှာ တစုတစည်းတည်းပူးပေါင်းကြဖို့ KNU ဥက္ကဋ္ဌ က ဒီနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကရင့်လက်နက်ကိုင်အစုအဖွဲ့တွေဟာ ကိုယ့်အဖွဲ့ရပ်တည်နိုင်ဖို့နဲ့ ကိုယ်ကျိုးရှာနေကြသူတွေမဖြစ်စေဖို့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလို့လည်း KNU ဥက္ကဋ္ဌက အသိပေးပါတယ်။

တခုတည်းသော ဦးဆောင်မှုနဲ့ တခုတည်းသော ရည်မှန်းချက်အောက်မှာ ပြန်လည်စုစည်းပြီး ကြိုးပမ်းကြဖို့လိုနေပြီလည်း ဆိုပါတယ်။

စည်လုံးညီညွှတ်မှုကိုတည်ဆောက်ရာမှာ မတူညီတဲ့အတွေးအမြင်တွေကို ဘေးဖယ်ထားပြီး အပြစ်တင်မှုတွေကိုရှောင်ကြဉ်ကာ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းကြရမယ်လို့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေကို KNU ဥက္ကဋ္ဌက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒါမှသာ ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ်လို့လည်း ဒီနေ့မိန့်ခွန်းမှာ KNU ဥက္ကဋ္ဌက ထည့်သွင်းအသိပေးခဲ့ပါတယ်။

KNU ဟာ ပြည်တွင်းမှာ ဝါရင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ဖြစ်ပေမယ့် အဖွဲ့ထဲကနေသီးခြားခွဲထွက်တာတွေကို ကြုံခဲ့ရပါတယ်။

ယခင်စစ်အစိုးရလက်ထက်မှာ KNU ကနေ DKBA ခွဲထွက်ခဲ့သလို DKBA ဆီကနေ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဆိုပြီး ထပ်မံခွဲထွက်သွားတာရှိခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာလည်း KNU လက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO ) ရဲ့ စစ်ဦးစီးချုပ် တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ဗိုလ်မှူးချုပ်စောနယ်ဒါမြဟာ ကော်သူးလေတပ်မတော် (KTLA)ကို သီးခြားထောင်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။