Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင့်လက်နက်ကိုင်အဖွဲ့တွေ စုစည်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

ကရင့်လက်နက်ကိုင်အစုအဖွဲ့တွေဟာ ကိုယ့်အဖွဲ့ရပ်တည်နိုင်ဖို့နဲ့ ကိုယ်ကျိုးရှာနေကြသူတွေမဖြစ်စေဖို့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလို့လည်း KNU ဥက္ကဋ္ဌက အသိပေးပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

ကရင်လက်နက်ကိုင်အစုအဖွဲ့တွေ KNU ရဲ့ ဦးဆောင်မှု အောက်မှာ တစုတစည်းတည်းပူးပေါင်းကြဖို့ KNU ဥက္ကဋ္ဌ က ဒီနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကရင့်လက်နက်ကိုင်အစုအဖွဲ့တွေဟာ ကိုယ့်အဖွဲ့ရပ်တည်နိုင်ဖို့နဲ့ ကိုယ်ကျိုးရှာနေကြသူတွေမဖြစ်စေဖို့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလို့လည်း KNU ဥက္ကဋ္ဌက အသိပေးပါတယ်။

တခုတည်းသော ဦးဆောင်မှုနဲ့ တခုတည်းသော ရည်မှန်းချက်အောက်မှာ ပြန်လည်စုစည်းပြီး ကြိုးပမ်းကြဖို့လိုနေပြီလည်း ဆိုပါတယ်။

စည်လုံးညီညွှတ်မှုကိုတည်ဆောက်ရာမှာ မတူညီတဲ့အတွေးအမြင်တွေကို ဘေးဖယ်ထားပြီး အပြစ်တင်မှုတွေကိုရှောင်ကြဉ်ကာ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းကြရမယ်လို့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေကို KNU ဥက္ကဋ္ဌက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒါမှသာ ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ်လို့လည်း ဒီနေ့မိန့်ခွန်းမှာ KNU ဥက္ကဋ္ဌက ထည့်သွင်းအသိပေးခဲ့ပါတယ်။

KNU ဟာ ပြည်တွင်းမှာ ဝါရင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ဖြစ်ပေမယ့် အဖွဲ့ထဲကနေသီးခြားခွဲထွက်တာတွေကို ကြုံခဲ့ရပါတယ်။

ယခင်စစ်အစိုးရလက်ထက်မှာ KNU ကနေ DKBA ခွဲထွက်ခဲ့သလို DKBA ဆီကနေ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဆိုပြီး ထပ်မံခွဲထွက်သွားတာရှိခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာလည်း KNU လက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO ) ရဲ့ စစ်ဦးစီးချုပ် တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ဗိုလ်မှူးချုပ်စောနယ်ဒါမြဟာ ကော်သူးလေတပ်မတော် (KTLA)ကို သီးခြားထောင်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။