Connect with us

Hi, what are you looking for?

News

ငါန်းဇွန်မြို့နယ်မှ စစ်​ကောင်စီသတင်း​ပေးဟုဆို​​​သောဆရာ၊ ဆရာမလင်မယား အသတ်ခံရ

သတင်းပေးလင်မယားနှစ်ဦး အသတ်ခံရပြီးနောက် အောက်တိုဘာ ၄ ရက်တွင် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ရွာတွင်းအကြမ်းဖက်ပစ်ခတ်မှုများ ပြုလုပ်နေ၍ ရှောင်တိမ်းခဲ့ရကြောင်း ဒေသခံများက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ကျောင်းဆရာ၊ ဆရာမလင်မယားနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း မြင်းခြံနှလုံးလှလူမိုက်ကြီးများအဖွဲ့က အသိပေးသည်။

အောက်တိုဘာ ၃ ရက် ည ၈နာရီခွဲအချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာမှ ကျောင်းဆရာ အာနိုး(ခေါ်) သီဟနှင့် ကျောင်းဆရာမ မြသန်းဋ္ဌေးတို့လင်မယားသည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ တော်လှန်ရေးလုပ်ဆောင်ချက်များကို စစ်ကောင်စီများထံ အမြဲတမ်း သတင်းပေးနေသည်ဟု တိကျမှန်ကန်စွာကြားသိ၍ မြင်းခြံ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြင်းမှုလျှပ်စီးအဖွဲ့၊MGN TIGERအဖွဲ့ ညီနောင်မဟာမိတ်သုံးဖော် ပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့ကြောင်း မြင်းခြံနှလုံးလှလူမိုက်ကြီးများအဖွဲ့က ယနေ့(အောက်တိုဘာ ၅ ရက်)တွင်အသိပေးသည်။

သတင်းပေးလင်မယားနှစ်ဦး အသတ်ခံရပြီးနောက် အောက်တိုဘာ ၄ ရက်တွင် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ရွာတွင်းအကြမ်းဖက်ပစ်ခတ်မှုများ ပြုလုပ်နေ၍ ရှောင်တိမ်းခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၅ရက်)နံနက် ၂ နာရီဝန်းကျင်ကလည်း ငါန်းဇွန်မြို့နယ်အတွင်းရှိ ရေလယ်သောင်အုပ်စုသို့ စစ်ကောင်စီတပ်များဝင်စီးခဲ့ပြီး ရွာသူ၊ရွာသားများ ထွက် ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံနှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များသည် မြင်းခြံနယ်အပြင် စစ်ကိုင်းတိုင်း မြောင်နှင့်မြင်းမူနယ်၊ မကွေးတိုင်းရေစကြိုနယ်များတွင်ပါ စစ်ကောင်စီလက်အောက်ခံများအား သုတ်သင်ရှင်းလင်းမှုများ ပြုလုပ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။