Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံရ

ယမန်နေ့ ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ရေဝိုင်းရွာသို့စစ်ကြောင်းထိုးပြီး ပြန်ဆုတ်ချိန်မှ စစ်ဆေးရေးဂိတ်ရှိစစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်းဖြစ်ကာ စစ်သားတစ်ဦးသေဆုံးကြောင်း DGRFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံရ
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နှစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force-DGRF(ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုများကို ယမန်နေ့(သြဂုတ် ၁၈ ရက်)နှင့် သြဂုတ် ၁၄ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်မှ စစ်တပ်စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ရေဝိုင်းရွာသို့စစ်ကြောင်းထိုးပြီး ပြန်ဆုတ်ချိန်မှ စစ်ဆေးရေးဂိတ်ရှိစစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်းဖြစ်ကာ စစ်သားတစ်ဦးသေဆုံးကြောင်း DGRFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့(သြဂုတ် ၁၈)ကတော့ ကျွန်တော်တို့ဖက်ကို စစ်ကြောင်းထိုးနေတုန်း ပြန်ဆုတ်မှ ထွက်ပစ်တာဗျ။ ရေဝိုင်းရွာကို စစ်ကြောင်းထိုးလာတာ ထိတွေ့မှုတော့မရှိခဲ့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၄ ရက် နံနက် ၅နာရီခန့်ကလည်း ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ(၂)နှင့် ဥသြစစ်ကြောင်းတို့ပူးပေါင်းပြီး အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
Public Service Announcement

ပုံမှန်အားဖြင့် အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့်သာရှိတတ်သော်လည်း စီးနင်းတိုက်ခိုက်သည့်နေ့က အင်အား ၂၀ခန့်ရှိနေပြီး ၎င်းတို့ဘက်မှ ခုနစ်ဦးသေဆုံးကြောင်း DGRF မှ တာဝန်ရှိသူက ရှင်းပြသည်။

“နေရာတင်သေတာရော၊ ပွဲပြီးမှသေတာရော နှစ်ခုလုံးဖြစ်နိုင်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ အတွင်းသတင်းရင်းမြစ်ကတဆင့် စုံစမ်းတော့မှ ခုနစ်ကောင်သေတာ အတည်ပြုနိုင်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

အိမ်ရှေ့ပြင်ရပ်ကွက်မှ စစ်တပ်စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ချိန်တွင် အပြန် အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း DGRFက အသိပေးသည်။

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ခုခံစစ်ဆင်နွှဲလျှက်ရှိရာ သြဂုတ် ၁၅ရက် နေ့လယ်ပိုင်းက ထားဝယ် – ထီးခီးလမ်းပိုင်း သင်္ကန်းတုန်းကျေးရွာအနီးတွင် စစ်တပ်ယာဥ်တန်းတစ်ခု တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်