Connect with us

Hi, what are you looking for?

သတင်း

BGFတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အားဆန့်ကျင်၍ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLAပူးပေါင်းတပ်ဖွဲများ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေကြောင်း ထုတ်ပြန်သည်။

BGFတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်
BGFတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။

BGFတပ်နယ်(၂)မှ တပ်သား အောင်ကိုဦးသည် ဩဂုတ် ၁၇ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတပ်သားအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLAပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း KNLA-ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တပ်သားအောင်ကို ဦး နှင့်အတူ M16-A1 (၁) လက်၊ ၎င်းကျည်ဘောက် (၅)ဘောက် နှင့် ကျည် ၁၅၀တောင့်ပါလာပြီး လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခြင်းဖြစ်၍ တပ်သား အောင်ကိုဦးကို ဗိုလ်ဒါဘောမှ ဆုငွေ ထိုင်းဘတ် ငါးသောင်း ဆုချီးမြှင့်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အားဆန့်ကျင်၍ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLAပူးပေါင်းတပ်ဖွဲများ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် မြ၀တီနယ် လက်ခတ်တောင် ဒေသ၌ ကော်ဘရာ စစ်ကြောင်းပါဝင်သည့် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ပူးပေါင်းတပ်ဖွဲ့က သိမ်းထားသည့် လက်ခတ်တောင်စခန်းကို ပြန်လည်ယူနိုင်ရေး စစ်ကောင်စီက တစ်လခန့် ထိုးစစ်ဆင်နေသော်လည်း ပူးပေါင်းတပ်များ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားလျက်ရှိသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။