Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူဆာတာ မရလို့ အက်ဆစ်သောက်လိုက်တဲ့ အိန္ဒိယ ဆယ်ကျော်သက်

အူတာပရာဒေ့ရှ် ပြည်နယ်က ကြေးထည် လုပ်ငန်းရှင် တစ်ယောက်ရဲ့ သားက မော်တော်ဆိုင်ကယ် ဝယ်ပေးဖို့ သူ့အဖေကို ပူဆာခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက ငြင်းဆန်တဲ့အတွက် ကတောက်ကဆ ဖြစ်ခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံက ဆယ်ကျော်သက် လူငယ် တစ်ယောက်ဟာ အဖေဆီက ပူဆာတာ မရလို့ အက်ဆစ်သောက်လိုက်ကြောင်း သိရပါတယ်။

အူတာပရာဒေ့ရှ် ပြည်နယ်က ကြေးထည် လုပ်ငန်းရှင် တစ်ယောက်ရဲ့ သားက မော်တော်ဆိုင်ကယ် ဝယ်ပေးဖို့ သူ့အဖေကို ပူဆာခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက ငြင်းဆန်တဲ့အတွက် ကတောက်ကဆ ဖြစ်ခဲ့ကြပါတယ်။

အောက်တိုဘာ ၅ ရက်က ဖြစ်စဉ်မှာ ဒေါသထွက်နေတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ဟာ လုပ်ငန်းသုံး အက်ဆစ်ပုလင်းကို လှမ်းယူပြီး မော့ချလိုက်တာ ဖြစ်ပါတယ်။ လူငယ်ကို မော်ရာဒါဘက်ခရိုင် ဆေးရုံဆီ အမြန်ဆုံး တင်ပို့ပြီး သီးသန့်ခန်းမှာ ကုသပေးနေကြောင်း၊ အခြေအနေ အရမ်းဆိုးကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ အမစ်ကူးမားက ဆိုပါတယ်။

အက်ဆစ်က အရမ်းပြင်းထန်တာကြောင့် လူငယ်ရဲ့ ပါးစပ်နဲ့ အစာချေ လမ်းကြောင်းတလျှောက်မှာ ကြီးကြီးမားမား ထိခိုက်မှုတွေ ဖြစ်ခဲ့ကြောင်းလည်း ဆရာဝန်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေပေမယ့် အမှုဖွင့်ထားတာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook