Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကျဆုံးရင် ဒေသတွင်း နိုင်ငံတွေပါ ဆိုးကျိုးရိုက်ခတ်နိုင်တယ်လို့ ထိုင်ဝမ် သမ္မတ သတိပေး

သူ့အနေနဲ့ ထိုင်ဝမ်ဟာ တရုတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်ဖို့ မျှော်လင့်ထားပေမယ့် နိုင်ငံရဲ့ ရပ်တည်မှုနဲ့ ဒီမိုကရေစီကို ထိပါးလာရင်တော့ ထိုင်ဝမ်ဟာ ဘာတွေပဲ ပေးဆပ်ရပါစေ၊ အစွမ်းရှိသမျှ ခုခံတွန်းလှန်သွားမယ်လို့လည်း ဆိုင်က ရေးသားထားပါတယ်။

တရုတ်ကသာ ထိုင်ဝမ်ကို သိမ်းပိုက်လိုက်မယ်ဆိုရင် ဒေသတစ်ခုလုံးအတွက် ဆိုးရွားလွန်းတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြုံလာလိမ့်မယ်လို့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က သတိပေးလိုက်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေ တစ်ခုအဖြစ် ယူဆထားပြီး ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် ရပ်တည်မှုမျိုးကိုသာ ပိုမို လိုလားနေပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေးဟာ ကျိန်းသေ ဖြစ်လာမယ့် ကိစ္စလို့ မှတ်ချက် ပြုခဲ့ဖူးသလို ၂၀၁၆ နောက်ပိုင်း ထိုင်ဝမ်တဝိုက်မှာ တရုတ်ရဲ့ ရေတပ်၊ လေတပ် စစ်ရေးပြ လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာပါတယ်။

အခုလဆန်းကစလို့ ထိုင်ဝမ်ကျွန်းနားမှာ တရုတ် စစ်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းပြခဲ့တာဟာ အစီးရေ ၁၅၀ နီးပါးလောက်ထိ ရှိလာခဲ့ပါတယ်။ ထိုင်ဝမ် သမ္မတ ကိုယ်တိုင် ရေးသားထားတဲ့ ဆောင်းပါး တစ်ခုထဲမှာတော့ ထိုင်ဝမ် ကျဆုံးခြင်းဟာ ဒေသတွင်းက တခြားနိုင်ငံတွေအတွက်ပါ နောက်ဆက်တွဲ ရိုက်ခတ်မှု ကြီးမားတဲ့ ဆိုးကျိုးမျိုး ဖြစ်လိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

ထိုင်ဝမ်ကို အကာကွယ် မပေးနိုင်ဘူးဆိုရင် ကိုယ့်အတွက်ပါ မလုံခြုံဘူးဆိုတာ ဒေသတွင်း နိုင်ငံအားလုံး လက်တွေ့ကျကျ အမှတ်ရနေသင့်တယ်လို့ ဆိုင်က နိုင်ငံခြားရေး ဌာနကတဆင့် ထုတ်ပြန်တဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ ဒီအခြေအနေမျိုးသာ ကြုံလာမယ်ဆိုရင် လက်ရှိ ကမ္ဘာ့ နိုင်ငံရေး စံနှုန်းတွေကို ထင်ဟပ်လာစေမှာ ဖြစ်ကြောင်း၊ အင်အားသုံး ဖိနှိပ်မှုက ဒီမိုကရေစီထက် အသာစီး ရနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်လာနိုင်ကြောင်း ဆိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူ့အနေနဲ့ ထိုင်ဝမ်ဟာ တရုတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်ဖို့ မျှော်လင့်ထားပေမယ့် နိုင်ငံရဲ့ ရပ်တည်မှုနဲ့ ဒီမိုကရေစီကို ထိပါးလာရင်တော့ ထိုင်ဝမ်ဟာ ဘာတွေပဲ ပေးဆပ်ရပါစေ၊ အစွမ်းရှိသမျှ ခုခံတွန်းလှန်သွားမယ်လို့လည်း ဆိုင်က ရေးသားထားပါတယ်။

အောက်တိုဘာ ၃ ရက်က တစ်နေ့တာ စံချိန်တင် အရေအတွက်အဖြစ် တရုတ် စစ်လေယာဉ် ၅၆ စီးထိ ထိုင်ဝမ် လေပိုင်နက်နား ချဉ်းကပ် ပျံသန်းခဲ့တဲ့နောက် ဆိုင်ရဲ့ အစိုးရ အဖွဲ့က တရုတ် အနေနဲ့ တရားလက်မဲ့ ရန်စနေတဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး ချူကောင်ချန်ကတော့ တရုတ်နဲ့ထိုင်ဝမ် ဆက်ဆံရေးဟာ ဆယ်စုနှစ် လေးခုတာ ကာလအတွင်း အတင်းမာဆုံး ဖြစ်လာနေကြောင်း ဝန်ခံ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။