Connect with us

Hi, what are you looking for?

သတင်း

ရပ်စောက်တွင် တပ်စွဲထားသည့် တပ်မ(၅၅)နှင့်(၆၆)အား တိုက်ခိုက်ခဲ့ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးပြော

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - DPLF

ဆလိုင်းမာန်အောင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ(၅၅)နှင့် တပ်မ(၆၆)အား တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိသွားကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအနီးရှိ ဘုရားကိုးဆူကုန်းတွင် တပ်စွဲထားသော တပ်မ(၅၅)နှင့် တပ်မ(၆၆)ကို DPLFက စက်တင်ဘာ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ဘက်က အသေရှိပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် မာရှလောထုတ်လိုက်တယ်”ဟု DPLF တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို စက်တင်ဘာ ၂၃ရက်ည ၈နာရီခွဲတွင် စတင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့် ကြာခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံး ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာအများအပြားရရှိသည်ဆိုသည့်သတင်းကို တပ်တွင်း သတင်းရင်းမြစ်များထံမှ ပြန်လည်သိရှိရခြင်းဟု DPLA က ပြောသည်။

ကာကွယ်ရေး ရဲဘော်များသည် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု DPLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၄ရက်မှစတင်ကာ ရပ်စောက် – ကောင်းဘို့ – ပင်းတယ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုတင်းကြပ်ထားပြီး ညနေ၆နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပါဝင်သည့် ရပ်စောက်မြို့သည် စစ်‌ကောင်စီတပ်အခြေစိုက်ရာမြို့ဖြစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပင်းတယမြို့နှင့် (၃၂)မိုင်ခန့် အကွာ၌ တည်ရှိသည်။ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) အား ၂၀၂၂ ဩဂုတ် ၇ ရက်က ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်ဇူလိုင် ၂၉ ရက်တွင် ကြေညာခဲ့သည်။

ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ရှိသည်ဟု သိရှိရသောနေရာများအား ရှောင်ရှားသွားလာကြရန်လည်း DPLF က သတိပေးထားသည်။

DPLFအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး စစ်ကောင်စီကို တိုက်ခိုက်မှုအရှိန်မြှင့်တင်ပေးရန် လိုလားသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။