Connect with us

Hi, what are you looking for?

သတင်း

တီးတိန်တွင် စစ်ကောင်စီလက်အောက်ခံ ရဲလေးဦးကို PDF-Zoland ဖမ်းဆီး

ဖမ်းဆီးထားသည့် ရဲလေးဦးတွင် မူးယစ်ဆေးဝါးသုံးစွဲထားသူရှိ၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF-Zolandက ဆိုသည်။

(PDF-Zoland ဖမ်းဆီးခဲ့သော ရဲလေးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - PDF-Zoland)
(PDF-Zoland ဖမ်းဆီးခဲ့သော ရဲလေးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - PDF-Zoland)

ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာ ၂ရက်က ဖမ်းဆီးမိခဲ့ကြောင်း PDF-Zolandက သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်လေးဦးသည် တီးတိန် – ရိဒ်လမ်းမပေါ်ရှိ ခရီးသွားယာဥ်များနှင့် ကုန်သည်ယာဥ်များထံမှ အဆမတန်ငွေကြေးတောင်းခံနေမှုကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု PDF-Zoland တာဝန်ရှိသူက ပြောသည်။

၎င်းတို့ကို တီးတိန် – လမ်ဇန်းရွာအနီးတွင် Zoland-PDFက အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ ဝင်ရောက်ဖမ်းဆီးရာတွင် အဆိုပါရဲတပ်ဖွဲ့များ အရပ်ဝတ်ဖြင့်ထွက်လာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း Zoland-PDFက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ခုပ်ခပ်တုန်း၊ စည်သူမိုးနှင့် ချမ်းငြိမ်းကျော်တို့ဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာဖြင့်လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဖမ်းခံရတဲ့ သူတွေက တီးတိန်မြို့နားမှာ ကုန်တင်ကားသမားတွေစီက သိန်းချီငွေတောင်းလေ့ရှိပြီး ခရီးသွားပြည်သူတွေကိုလည်း နည်းမျိုးစုံငွေကြေးကောက်ယူတာရှိတယ်”ဟု PDF-Zoland တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးထားသည့် ရဲလေးဦးတွင် မူးယစ်ဆေးဝါးသုံးစွဲထားသူရှိ၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF-Zolandက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။