Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တီးတိန်တွင် စစ်ကောင်စီလက်အောက်ခံ ရဲလေးဦးကို PDF-Zoland ဖမ်းဆီး

ဖမ်းဆီးထားသည့် ရဲလေးဦးတွင် မူးယစ်ဆေးဝါးသုံးစွဲထားသူရှိ၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF-Zolandက ဆိုသည်။

(PDF-Zoland ဖမ်းဆီးခဲ့သော ရဲလေးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - PDF-Zoland)
(PDF-Zoland ဖမ်းဆီးခဲ့သော ရဲလေးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - PDF-Zoland)

ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာ ၂ရက်က ဖမ်းဆီးမိခဲ့ကြောင်း PDF-Zolandက သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်လေးဦးသည် တီးတိန် – ရိဒ်လမ်းမပေါ်ရှိ ခရီးသွားယာဥ်များနှင့် ကုန်သည်ယာဥ်များထံမှ အဆမတန်ငွေကြေးတောင်းခံနေမှုကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု PDF-Zoland တာဝန်ရှိသူက ပြောသည်။

၎င်းတို့ကို တီးတိန် – လမ်ဇန်းရွာအနီးတွင် Zoland-PDFက အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ ဝင်ရောက်ဖမ်းဆီးရာတွင် အဆိုပါရဲတပ်ဖွဲ့များ အရပ်ဝတ်ဖြင့်ထွက်လာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း Zoland-PDFက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ခုပ်ခပ်တုန်း၊ စည်သူမိုးနှင့် ချမ်းငြိမ်းကျော်တို့ဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာဖြင့်လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဖမ်းခံရတဲ့ သူတွေက တီးတိန်မြို့နားမှာ ကုန်တင်ကားသမားတွေစီက သိန်းချီငွေတောင်းလေ့ရှိပြီး ခရီးသွားပြည်သူတွေကိုလည်း နည်းမျိုးစုံငွေကြေးကောက်ယူတာရှိတယ်”ဟု PDF-Zoland တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးထားသည့် ရဲလေးဦးတွင် မူးယစ်ဆေးဝါးသုံးစွဲထားသူရှိ၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF-Zolandက ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။