Connect with us

Hi, what are you looking for?

သတင်း

ဒေါ့ဖုန်းယန်မှ လွယ်ဂျယ်သို့လာသည့် စစ်ကောင်စီယာဉ်ကို KIA တိုက်ခိုက်

မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာ အပါအဝင် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၌ တိုက်ပွဲများနေ့စဉ်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ဘက်သို့လာသည့် စစ်ကောင်စီယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အောက်တိုဘာ ၁၁ရက် နေ့လယ်က ဒေါ့ဖုန်းယန်အောက်ဘက် နောင်ကွန်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ​၏ အမတ(၃၇၀) တပ်များက စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အင်အား ၃၀ကျော်ဖြင့် လက်နက်ခဲယမ်းများအပါ အဝင် ကား ၅စီးဖြင့် လွယ်ဂျယ်အလာတွင် KIA လှုပ်ရှားတပ်ရင်း(၄၇) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာ အပါအဝင် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၌ တိုက်ပွဲများနေ့စဉ်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။