Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ့ဖုန်းယန်မှ လွယ်ဂျယ်သို့လာသည့် စစ်ကောင်စီယာဉ်ကို KIA တိုက်ခိုက်

မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာ အပါအဝင် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၌ တိုက်ပွဲများနေ့စဉ်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ဘက်သို့လာသည့် စစ်ကောင်စီယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အောက်တိုဘာ ၁၁ရက် နေ့လယ်က ဒေါ့ဖုန်းယန်အောက်ဘက် နောင်ကွန်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ​၏ အမတ(၃၇၀) တပ်များက စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အင်အား ၃၀ကျော်ဖြင့် လက်နက်ခဲယမ်းများအပါ အဝင် ကား ၅စီးဖြင့် လွယ်ဂျယ်အလာတွင် KIA လှုပ်ရှားတပ်ရင်း(၄၇) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။