Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအနီး KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းပစ်ကူပေးတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊မရှိ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး ဒေသဖြစ်သည့် မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးတွင် ယမန်နေ့ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA နှင့် စစ်ကောင်စီတပ်တို့သည် လိုင်ဇာဌာနချုပ်နယ်မြေများအနီး ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ မြစ်ကြီးနား-ဗန်းမော်လမ်း အောင်ဂျာရွာအနီးတွင် အောက်တိုဘာ ၄ရက်ညနေ ၇နာရီတွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

“အောင်ဂျာဘက် တိုက်ပွဲပြင်းထန်တယ်။ ညသန်းခေါင်မှာ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ အောင်ဂျာနဲ့ လွယ်လွန်တောင်ကျော်ဘက် ဗုံးလာကြဲသွားတယ်”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
sPublic Service Announcement

ယမန်နေ့ ည ၁၁နာရီ ၃၇ မိနစ် ၊ ၁၁နာရီ ၄၀မိနစ်၊ ၁၁နာရီ ၄၅မိနစ်နှင့် ၁၁နာရီ ၅၁မိနစ်တို့တွင် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊မရှိ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ အောင်ဂျာဒေသတွင် ယခင်ရက်များကလည်း KIAနှင့် စစ်ကောင်စီတို့ အပြန်အလှန် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများလည်းရှိခဲ့သည်။ အောင်ဂျာရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ၁ခုကိုလည်း KIAက စက်တင်ဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။