Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးပြီးတိုက်ခိုက်

မြေပြင်တိုက်ပွဲမှာ ခြေလျင်တပ်တွေ အထိနာလာချိန် လက်နက်ကြီးသုံးလာသလို လေကြောင်းကနေ ပါ တိုက်ခိုက်တာလို့ ပူးပေါင်းတပ်ဘက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ၂၀၁၈ ခုနှစ်အတွင်းစစ်ရေးလေ့ကျင့်နေရစဉ်
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ၂၀၁၈ ခုနှစ်အတွင်းစစ်ရေးလေ့ကျင့်နေရစဉ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီက လေကြောင်းပစ်ကူပါသုံးပြီးတိုက်ခိုက်နေတယ်လို့ ပူးပေါင်းတပ်ထံက သိရပါတယ်။

ကော့ကရိတ်မြို့နယ်အနီး နန်းကော်တိုးရွာနဲ့ တတန်ကူးရွာ ကြားမှာရှိတဲ့ ဆင်ကုန်းရွာဘက်ကို စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ၊ PDF ပူးပေါင်းတပ်တွေဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်တာပါ။

မြေပြင်တိုက်ပွဲမှာ ခြေလျင်တပ်တွေ အထိနာလာချိန် လက်နက်ကြီးသုံးလာသလို လေကြောင်းကနေ ပါ တိုက်ခိုက်တာလို့ ပူးပေါင်းတပ်ဘက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့အာဘော်ဖြန့်ဝေတဲ့ တယ်လီဂရမ်အချို့မှာတော့ ကော့ကရိတ်မြို့အနီးက ဆင်ကုန်းစခန်းကို မနက် ၅ နာရီခွဲမှာ ဝင်ရောက်ရှင်းလင်းပြီး KNU နဲ့ PDF ပူးပေါင်းတပ်တွေရှိရာနေရာဆီ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ဆင်ကုန်းရွာမှာ စခန်းချထားတာမရှိဘူးလို့ပြောပါတယ်။

“ဆင်ကုန်းဆိုတာ စခန်းမဟုတ်ဘူး ရွာဗျ၊ အဲ့ဒီရွာမှာကျတော့ ဘယ်လိုပြောရမလဲ ကျနော်တို့ဘက်က လူတွေကမရှိဘူးလေ” လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဆင်ကုန်းရွာနဲ့ အနီးတဝိုက်က ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − EPA

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။