Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ယမန်နေ့(အောက်တိုဘာ ၂၆)ညနေ ၆ နာရီခန့်က နတ်မောက်မြို့နယ် သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား OPRF – PLA ရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို အ နီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF – PLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၆)ညနေ ၆ နာရီခန့်က နတ်မောက်မြို့နယ် သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား OPRF – PLA ရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်လယ်နောက်ပိုင်းကမှ တပ်စွဲနေတာပါ။ အလွန်မကြာသေးပါဘူးဗျ။ စစ်ကြောင်းထိုးပြီးအပြန် နေရာယူဂိတ်ထိုးတာမျိုးပါ​​ဗျ”ဟု ဝင်ရောက်ပစ်ခတ်ခဲ့သည့် သမှုန်းကုန်းကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်အခြေနေကို OPRF – PLA တပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။

အဆိုပါ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန် သေဆုံးသွားခြင်းကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သမှုန်းကုန်းကြီးစစ်ဆေးရေးဂိတ်တွင် အင်အားထပ်ဖြည့်ထားပြီး ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကာ တိုက်ခိုက်မှုအတွင်း OPRF – PLA တပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

နတ်မေက်-စိုင်ကောင်း ကားလမ်းပေါ်ရှိ သမှုန်းကုန်းကြီး စစ်ဆေးရေးဂိတ်တွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်သား ၂၀ကျော်ခန့်ချ ထားလေ့ရှိသော်လည်း တော်လှန်ရေးရဲဘော်များဝင်ရောက်ပစ်ခတ်ချိန်တွင် ၁၀ဦးကျော်သာတွေ့ရပြီး အဆိုပါစစ်ဆေးရေးဂိတ်သည် နတ်မောက်မြို့ပေါ်မှနေ၍ ဆိုင်ကယ်ဖြင့် ၁၅မိနစ်ခန့်သာသွားရသည့် အကွာအဝေးတွင် တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။