Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်တွင် PDFတပ်ခွဲမှူးဖမ်းဆီးရန်လာသည့် ရဲများအား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခုနစ်ဦးသေဟုဆို

PDFအား သွားရောက်ဖမ်းဆီးရာမှ ဗုံးခွဲတိုက်ခိုက်ခံရပြီး​နောက် စစ်​ကောင်စီတပ်က အဆိုပါစား​သောက်ဆိုင်ကို မီးရှို့ဖျက်ဆီးလိုက်​ကြောင်း​​ဒေသခံအချို့က​ ပြောသည်။

​(သေဆုံးသွား​သော နယ်ထိန်းရဲ ​အောင်သူအား တွေ့ရစဉ်)
​(သေဆုံးသွား​သော နယ်ထိန်းရဲ ​အောင်သူအား တွေ့ရစဉ်)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ခွဲမှူးအား ဖမ်းဆီးရန် လာသည့် ရဲများအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နယ်ထိန်းအပါအဝင် ခုနစ်ဦးသေဆုံးကြောင်း နတ်မောက် ဂဠုန် PDFအဖွဲ့က ပြောသည်။

မေလ ၂၀ ရက် နံနက် ၁၀ နာရီ ၁၅မိနစ်ခန့်က နတ်မောက်မြို့နယ်၊ မြင်းတဲကြီးလမ်းဆုံရှိ ဖူးပွင့်ဝေစားသောက်ဆိုင်တွင် ခေါက်ဆွဲကြော်လာစားသည့် နတ်မောက်ဂဠုန် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင်အား စစ်ကောင်စီလက်ပါးစေ ရဲများက လာရောက်ဖမ်းဆီးစဥ် ဗိုလ်အောင်ဒင်က ၎င်း၏ ဆိုင်ကယ်ပေါ်ပါရှိသည့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နယ်ထိန်းရဲအောင်သူအပါအဝင် သုံးဦး နေရာတွင်သေဆုံးကာ လေးဦးမှာ ဆေးရုံ၌ ထပ်မံသေဆုံးခဲ့သည်ဟု သတင်းရကြောင်း နတ်မောက် ဂဠုန် PDFအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်က ကြာဇံကြော်စားနေတာ။ တစ်နာရီခွဲနှစ်နာရီလောက် ကြာသွားတယ်။ စားနေတဲ့အချိန် ဒလန်က သတင်းပေးလိုက်တော့ ကျွန်တော့်ကိုလာဝိုင်းတာပေါ့ရဲတွေ။ ဆိုင်ကယ်ပေါ်မှာလည်း အသက်သွင်းပြီးသားမိုင်း ရမုနဲ့ခွဲလို့ရတဲ့မိုင်း အဆင့်သင့်ပါတာဆိုတော့။ ဒီကောင်တွေလာတဲ့အချိန် ကျွန်တော်ကမြင်လည်းမြင်ရော လာဝိုင်းတာသိတော့ မိုင်းကိုခွဲလိုက်တာ။ ပေါက်ကွဲပြီးတော့ဒီကောင်တွေမသာပေါ်သွားတာ။ ပြီးတော့ကျွန်တော်ပြေးတာ။”ဟု နတ်မောက်ဂဠုန် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင်က ပြောသည်။

Public Service Announcement

Public Service Announcement

PDFအား သွားရောက်ဖမ်းဆီးရာမှ ဗုံးခွဲတိုက်ခိုက်ခံရပြီး​နောက် စစ်​ကောင်စီတပ်က အဆိုပါစား​သောက်ဆိုင်ကို မီးရှို့ဖျက်ဆီးလိုက်​ကြောင်း​​ဒေသခံအချို့က​ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်​ကောင်စီလက်နက်ကိုင်များ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ၊

နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။