Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်ဒေသနယ်ခြားစောင့်တပ်နှင့် ရဲများ စစ်ကောင်စီနှင့်မပူးပေါင်းဘဲအလင်းဝင်ရန် MNDAA စစ်ဦးစီးချုပ် ပြော

တရုတ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည့် အဆိုပါ အိတ်ဖွင့်ပေးစာကို MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြခြင်းဖြစ်သည်။

ကိုးကန့်ဒေသနယ်ခြားစောင့်တပ်နှင့် ရဲများ စစ်ကောင်စီနှင့်မပူးပေါင်းဘဲအလင်းဝင်ရန် MNDAA စစ်ဦးစီးချုပ် ပြော
ကိုးကန့်ဒေသနယ်ခြားစောင့်တပ်နှင့် ရဲများ စစ်ကောင်စီနှင့်မပူးပေါင်းဘဲအလင်းဝင်ရန် MNDAA စစ်ဦးစီးချုပ် ပြော

ကိုးကန့်ဒေသရှိ စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်နှင့် ရဲများအနေဖြင့် စစ်ကောင်စီနှင့် မပူးပေါင်းဘဲ ကိုးကန့် အထူးဒေသ(၁) ပြည်သူများထံ ပူးပေါင်းအလင်းဝင်ရန် ကိုးကန့်တပ်မတော်(MNDAA) စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်တာရွှင်က အိတ်ဖွင့်ပေးစာပေးပို့သည်။

တရုတ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည့် အဆိုပါ အိတ်ဖွင့်ပေးစာကို MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြခြင်းဖြစ်သည်။

“ဒါကျတော့ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ် ကျနော်တို့ရဲ့ ဥက္ကဋ္ဌကျနော်တို့ရဲ့ ပါတီအထွေထွေအတွင်းရေးမှူးချုပ် ဦးဖုန်တာရွှင်ကအထူးဒေသ(၁)မှာရှိတဲ့ ရုပ်သေးအဖွဲ့ နယ်ခြားစောင့်တပ်၊ ရဲတွေ ထံသို့ ပေးပို့တဲ့ အိတ်ဖွင့်စာပါ။အဓိက ပြောတဲ့အချက်က ဟိုဘက်က အဖွဲ့ဝင်များအနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်မပူးပေါင်းဖို့ မိမိတို့ဘက် အထူးဒေသ(၁) ပြည်သူလူထုရဲ့ ရင်ခွင်ထဲသို့ အမြန်ဆုံး ပြန်ရောက်လာပြီး အလင်းဝင်ဖို့ ပြောတာပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတွင်လည်း MNDAA ထံ ပူးပေါင်းလာသည့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များရှိပြီး အသေးစိတ်အခြေအနေများကို ဆက်လက်အသိပေးသွားမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စစ်တပ်နှင့် ရဲများ MNDAA ထံလာရောက် အလင်းဝင်ရန် ယခင်ကလည်း ထုတ်ပြန်ထားသည်။

ဆက်လက်၍ ပေကပ်ပြီး စစ်ကောင်စီအလိုကျ လိုက်ပါလုပ်ဆောင်နေပါက ပြင်းထန်စွာ အရေးယူမည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။