Connect with us

Hi, what are you looking for?

သတင်း

KIO/KIA ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်

အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန်တပ်စခန်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိုင်ဇာမြို့ကို လက်နက်ကြီးအပြင် လေကြောင်းမှတိုက်ခိုက်မှုလုပ်ဆောင်လာခြင်း ဖြစ်သည်။

(KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ တနေရာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Kachinnet)
(KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ တနေရာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Kachinnet)

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီးလူထိခိုက်မှု အချိုရှိသည်ဟု သတင်းရင်းမြစ် အချို့က အသိပေးသည်။

အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန်တပ်စခန်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိုင်ဇာမြို့ကို လက်နက်ကြီးအပြင် လေကြောင်းမှတိုက်ခိုက်မှုလုပ်ဆောင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ယနေ့(နိုဝင်ဘာ ၁ရက်)တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

နေ့လည် ၁နာရီမှာ တစ်ကြိမ်၊ ညနေ ၅နာရီခန့်တွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုရှိမရှိကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုမလာရောက်မီ တရုတ်ဘက်က လေကြောင်းသတိပေး အချက်ပေးမှုများ ပြုလုပ်ခဲ့သည်ဟု လိုင်ဇာတွင်နေထိုင်သူအချို့က အသိပေးထားသည်။

ယနေ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်မှုရှိမရှိ မသိရသေးသော်လည်း ယမန်နေ့ တိုက်ခိုက်မှုတွင် လူ သုံးဦးထိခိုက်ခဲ့ပြီး မစိုးရိမ်ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။