Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ်ရဲ့ ပိုမိုဆိုးရွားလာတဲ့ချိုးဖောက်ကျူးလွန်မှုတွေ တားဆီးနိုင်ရေး နိုင်ငံတကာက တသံတည်းထွက်ပေးဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တိုက်တွန်း

ဩဇာကြီးမားတဲ့နိုင်ငံတွေက မြန်မာစစ်တပ်ကို အခြေအနေလျှော့ချဖို့၊ အရပ်သားပြည်သူ တွေရဲ့ ဘ၀တွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုလိုအပ်နေသူတွေထံ အကူအညီရောက်ရှိပေးအပ်နိုင်ဖို့ တိုက်တွန်းလုပ်ဆောင်ရမယ်လို့ မဟာမင်းကြီးက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ပိုမိုဆိုးရွားလာတဲ့လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို တားဆီးနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက တသံတည်းထွက်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးက မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဩဇာကြီးမားတဲ့နိုင်ငံတွေက မြန်မာစစ်တပ်ကို အခြေအနေလျှော့ချဖို့၊ အရပ်သားပြည်သူ တွေရဲ့ ဘ၀တွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုလိုအပ်နေသူတွေထံ အကူအညီရောက်ရှိပေးအပ်နိုင်ဖို့ တိုက်တွန်းလုပ်ဆောင်ရမယ်လို့ မဟာမင်းကြီးက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လက်နက်မဲ့ပြည်သူတွေကို သေစေအောင်အင်အားသုံးတာ၊ နေအိမ်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ တရားလက်လွတ်အစုလိုက်အပြုံလိုက်ဖမ်းဆီးတာနဲ့ စစ်ကြောရေးမှာ သေဆုံးတာ စတဲ့ ပုံစံဖော်တိုက်ခိုက်မှုတွေရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ် ကိုင်းတိုင်းအလယ်ပိုင်း မုံရွာမြို့နယ်အတွင်း၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့မှာ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ စစ်သည်အင်အားတိုးချဲ့နေရာချထားတဲ့ သတိပေးချက်အစီရင်ခံစာတွေ ရရှိ ထားတယ်လို့ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။ အဲဒီဒေသတွေအတွက် အဆင့်မြင့်အရာ ရှိကြီးနှစ်ဦးကို ကြီးကြပ်ကွပ်ကဲဖို့ စေလွှတ်ထားတာနဲ့ အင်တာနက်ဖြတ်တောက်ထားတဲ့အခြေအနေ အစီရင်ခံမှုတွေလည်း မဟာမင်းကြီးရုံးက ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခြေအနေတွေအပေါ် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးရုံးက အလွန်အမင်း စိုးရိမ်ကြောင်း ဆက်လက်ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စ​သည့် နိုင်ငံများနှင့်ပတ်သက်​သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။