Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ ပိုမိုဆိုးရွားလာတဲ့ချိုးဖောက်ကျူးလွန်မှုတွေ တားဆီးနိုင်ရေး နိုင်ငံတကာက တသံတည်းထွက်ပေးဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တိုက်တွန်း

ဩဇာကြီးမားတဲ့နိုင်ငံတွေက မြန်မာစစ်တပ်ကို အခြေအနေလျှော့ချဖို့၊ အရပ်သားပြည်သူ တွေရဲ့ ဘ၀တွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုလိုအပ်နေသူတွေထံ အကူအညီရောက်ရှိပေးအပ်နိုင်ဖို့ တိုက်တွန်းလုပ်ဆောင်ရမယ်လို့ မဟာမင်းကြီးက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ပိုမိုဆိုးရွားလာတဲ့လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို တားဆီးနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းက တသံတည်းထွက်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးက မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဩဇာကြီးမားတဲ့နိုင်ငံတွေက မြန်မာစစ်တပ်ကို အခြေအနေလျှော့ချဖို့၊ အရပ်သားပြည်သူ တွေရဲ့ ဘ၀တွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုလိုအပ်နေသူတွေထံ အကူအညီရောက်ရှိပေးအပ်နိုင်ဖို့ တိုက်တွန်းလုပ်ဆောင်ရမယ်လို့ မဟာမင်းကြီးက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လက်နက်မဲ့ပြည်သူတွေကို သေစေအောင်အင်အားသုံးတာ၊ နေအိမ်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ တရားလက်လွတ်အစုလိုက်အပြုံလိုက်ဖမ်းဆီးတာနဲ့ စစ်ကြောရေးမှာ သေဆုံးတာ စတဲ့ ပုံစံဖော်တိုက်ခိုက်မှုတွေရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ် ကိုင်းတိုင်းအလယ်ပိုင်း မုံရွာမြို့နယ်အတွင်း၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့မှာ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ စစ်သည်အင်အားတိုးချဲ့နေရာချထားတဲ့ သတိပေးချက်အစီရင်ခံစာတွေ ရရှိ ထားတယ်လို့ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။ အဲဒီဒေသတွေအတွက် အဆင့်မြင့်အရာ ရှိကြီးနှစ်ဦးကို ကြီးကြပ်ကွပ်ကဲဖို့ စေလွှတ်ထားတာနဲ့ အင်တာနက်ဖြတ်တောက်ထားတဲ့အခြေအနေ အစီရင်ခံမှုတွေလည်း မဟာမင်းကြီးရုံးက ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခြေအနေတွေအပေါ် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီးရုံးက အလွန်အမင်း စိုးရိမ်ကြောင်း ဆက်လက်ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။