Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းရန်ကုလလူ့အခွင့်အရေးကောင်စီ ချမှတ်

မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စ​သည့် နိုင်ငံများနှင့်ပတ်သက်​သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။

စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းရန်ကုလလူ့အခွင့်အရေးကောင်စီ ချမှတ်
စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းရန်ကုလလူ့အခွင့်အရေးကောင်စီ ချမှတ်

▪︎စစ်ကောင်စီကို စစ်လက်နက်နှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများအား တရားမဝင်လွှဲပြောင်းခြင်းကို ပိတ်ဆို့တားမြစ်ရန်လည်း UNHRC တိုက်တွန်း

People’s Spring

မြန်မာစစ်တပ်ကို လေယာဥ်ဆီ တင်ပိုခြင်း(သို့မဟုတ်)ရောင်းချခြင်း မပြုရန် အစိုးရများကို တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီ ၄ ရက်တွင် ချမှတ်လိုက်သည်။

UNHRC ၏ အဖွဲ့ဝင် ၄၇ နိုင်ငံက တကယ်၍အာဏာသိမ်း မြန်မာစစ်တပ်သည် ပြည်တွင်း သို့တင်သွင်းလာ​သောလေယာဉ်ဆီများကို အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် အသုံးချနေကြောင်း ယုံကြည်ရသည့် အခြေအနေတွင် နိုင်ငံတကာ အစိုးရများက မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီ တင်သွင်းမှု တားမြစ်ပိတ်ပင်ထားရေး စုပေါင်း တောင်းဆိုသင့်​ကြောင်း ဘုံသဘောတူညီချက်ကို လက်ခံခဲ့ကြသည်။

မြန်မာစစ်တပ်သည် လေကြောင်း တိုက်ခိုက်ရေးစွမ်းရည် အားသာချက်ကို ကျင့်ဝတ်မဲ့ အသုံးချပြီး အရပ်သား ဧရိယာများကိုပါ မရှောင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကာလရှည်ကြာ နာမည်ဆိုး ထွက်ခဲ့ပြီးသားဖြစ်သည်။

Public Service Announcement

Public Service Announcement

UNHRC က မြန်မာနိုင်ငံထံသို့ စစ်လက်နက်၊ ခဲယမ်းမီးကျောက်များနဲ့ တခြား စစ်သုံးပစ္စည်းများတရားမဝင် တင်သွင်းရောင်းချနေမှုများကိုပါ ဟန့်တားရန်လည်း တိုက်တွန်း တင်ပြခဲ့သည်။

NHRCရဲ့ လွတ်လပ်တဲ့ ပညာရှင် အစုအဖွဲ့ တစ်ခုက မြန်မာစစ်တပ်သည် တော်လှန်ရေး အင်အားစုများနှင့် မြေပြင်စစ်ပွဲများ အရှုံးတွေနဲ့ ပိုမိုရင်ဆိုင်ရလေလေ၊ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုပိုမို အရှိန်မြှင့်လေလေ ဖြစ်နေ​ကြောင်း ပြီးခဲ့တဲ့လက သတိပေးခဲ့သည်။

ထိုအပြင် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်​သော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းများနှင့် အခြားအချက်အလက်တွေကို ဇန်နဝါရီလက ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံဆီ လေယာဉ်ဆီ ပို့ဆောင်မှု ကွန်ရက်များကို ဖြတ်တောက်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းကို အစဉ်တစိုက် တောင်းဆို​နေသည်။

ဇန်နဝါရီက မြန်မာစစ်တပ်၏ လေယာဥ်ဆီလိုအပ်ချက်အတွက််ပိတ််ဆို့အရေးယူမှုများကို ရှောင််ရှားကာ သင်္ဘောဖြင့်တင််ပို့ရန် ကြိုးပမ်းမှုအချက်အလက်များ ထောက်ပြခဲ့သည်။ ယခင်နှစ်က ဗီယက်နမ်နိုင်ငံရှိ သိုလှောင်ကန်နှင့် တိုက်ရိုက်ချိတ်ဆက်မှုဖြင့် မြန်မာသို့ သင်္ဘောဖြင့် လေယာဥ််ဆီတင််ပို့မှု အနည််းဆုံး ၇ ကြိမ်ရှိခဲ့ကြောင်း AI က ဆိုသည််။

လက်ရှိ လူ့အခွင့်အရေးကောင််စီအဖွဲ့ဝင််နိုင်ငံ ဗီယက််နမ်သည် ကောင်စီ၏တူညီဆန္ဒနှင့်အတူ ရပ်တည်ထောက်ခံခြင်းမရှိပေ။

ကောင်စီ၏ အထက်ပါဆုံးဖြတ်ချက််နှင့်ပတ်သက်၍ ““ဒါဟာ စစ်ရာဇ၀တ်မှုကျူးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသူတွေကို လေယာဉ်ဆီထောက်ပံ့ပေးနေတာကို ပုံမှန်အတိုင်း စီးပွားရေးလုပ်ရင် လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ ကုလသမဂ္ဂရဲ့ပင််မ လူ့အခွင့်အရေးကောင််စီရဲ့ အရေးကြီးတဲ့ သတင်းစကားပါ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင််ရာ Amnesty International ၏ ကိုယ်စားလှယ် Iniyan Ilango က မှတ်ချက်ပြုသည်။

ဆက်လက်ပြီး ၎င်းက ကောင်စီ၏ဆုံးဖြတ်ချက်ကို “အစကောင်းတဲ့ခြေလှမ်း”ဖြစ်ကြောင်း ပြောသော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်ကောင်စီထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းရန် အရေးယူချမှတ်သင့်ကြောင်း တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စတင်ခဲ့​သော UNHRCရဲ့ ယခုနှစ် ပထမအကြိမ် စည်းဝေးမှု အပြီးသတ် အစီအစဉ်မှာ မြန်မာနှင့်ပတ်သပ်​သောယခုဆုံးဖြတ်ချက် ပါဝင်လာခြင်း ဖြစ်သည်။

ထို့အပြင်အပြင် မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စ​သည့် နိုင်ငံများနှင့်ပတ်သက်​သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။

ကိုးကား: AP၊CNA

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။