Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တွင် ပျူစောထီးရွာမှ ပြည်သူငါးဦးထွက်ပြေးလာ၍ ထောက်ပံ့ကူညီထား

တိုက်ပွဲများပြင်းထန်လာနိုင်၍ ပျူစောထီးကျေးရွာများမှ ပြည်သူများအနေဖြင့် အမြန်ဆုံးပြည်သူနှင့်ပူးပေါင်း၍ အလင်းဝင်ကြရန် ပုလဲ(ပအဖ)မှ တာဝန်ရှိသူက တိုက်တွန်းသည်။

ထွက်ပြေးလွတ်မြောက်လာသူများအား ထောက်ပံ့နေစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
ထွက်ပြေးလွတ်မြောက်လာသူများအား ထောက်ပံ့နေစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ပြည်သူ ၅ ဦး ထွက်ပြေးလာ၍ ထောက်ပံ့ကူညီ ပေးထားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၄ ရက်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ကလေးငယ်သုံးဦးပါ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကျပ်တစ်သိန်း၊ မိုးကာ(၂)ချပ်နှင့် ခြုံစောင်များ ကူညီထောက်ပံ့ပေးထားကြောင်း ပုလဲ(ပအဖ)၏ လူသားစာနာတာဝန်ခံက ပြောသည်။

“မိသားစုနှစ်စုလို့ ပြောတယ်။ အဓိကကတော့ အထဲမှာ(ပျူရွာထဲမှာ) အစာရေစာပြတ်လပ်မှုလို့ပြောပါတယ်။ နောက်တစ်ချက်က အထဲမှာ မလုံခြုံမှုပေါ့။ တော်လှန်ရေးအရှိန်အဟုန်မြှင့်လာတာနဲ့အမျှ တိုက်ခိုက်ခံရတာတွေများလာတဲ့အခါ ပျူရွာတွေက စစ်ရေးပစ်မှတ်ဖြစ်လာတယ်။ အထဲမှာ လက်နက်မကိုင်တဲ့သူတွေလည်း ထိတယ်ပေါ့။ ဒီအချိန်မှာ အခွင့်အရေးရတာနဲ့ ထွက်ပြေးလာကြတာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

တိုက်ပွဲများပြင်းထန်လာနိုင်၍ ပျူစောထီးကျေးရွာများမှ ပြည်သူများအနေဖြင့် အမြန်ဆုံးပြည်သူနှင့်ပူးပေါင်း၍ အလင်းဝင်ကြရန် ပုလဲ(ပအဖ)မှ တာဝန်ရှိသူက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်တွင် အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း ပျူစောထီးကျေးရွာများမှ ပြည်သူ ၅၀ဝန်းကျင် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ပုလဲ(ပအဖ)၏ လူသားစာနာတာဝန်ခံက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။