Connect with us

Hi, what are you looking for?

သတင်း

နှစ်သောင်းတန်ငွေစက္ကူ ပုလဲမြို့နယ်အတွင်းအသုံးပြုခွင့်မပေးကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် တရားရေးဌာနတို့က ဩဂုတ် ၁၄ရက်တွင် ပြုလုပ်ခဲ့သည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ကြေညာခြင်းဟု ဦးဇော်ထက်က ပြောသည်။

နှစ်သောင်းတန်ငွေစက္ကူ ပုလဲမြို့နယ်အတွင်းအသုံးပြုခွင့်မပေးကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်
နှစ်သောင်းတန်ငွေစက္ကူ ပုလဲမြို့နယ်အတွင်းအသုံးပြုခွင့်မပေးကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်

စစ်ကောင်စီ ထုတ်ဝေသည့် နှစ်သောင်းတန်ငွေစက္ကူကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံးပြုခွင့်မပေးကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့(ပအဖ)က သတိပေးထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စိုးမိုးနယ်မြေဖြစ်သော ပုလဲမြို့နယ်အတွင်း နှစ်သောင်းကျပ်တန်ငွေစက္ကူများအား ငွေကြေးလဲလှယ်ခြင်း၊ ဖြန့်ဝေခြင်း၊ ကုန်စည်အရောင်းအဝယ်ပြုလုပ်ခြင်း၊ သုံးစွဲခြင်းတို့ကို လုံးဝ(လုံးဝ) ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ယမန်နေ့(ဩဂုတ် ၂၀ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

” ဒါဟာ တရားမဝင်ငွေကြေးဖြစ်တယ်။ ကျွန်တော်တို့နယ်မှာ အသုံးပြုခွင့်မပေးပါဘူး။ ပြည်သူတွေကိုလည်း ပညာပေးလုပ်ငန်းတွေ လိုက်လုပ်နေပါတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် တရားရေးဌာနတို့က ဩဂုတ် ၁၄ရက်တွင် ပြုလုပ်ခဲ့သည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ကြေညာခြင်းဟု ဦးဇော်ထက်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲမြို့နယ်အပြင် ကလေးခရိုင်မှ ကလေး၊မင်းကင်းနှင့် ကလေးဝမြို့နယ်တွင်လည်း နှစ်သောင်းတန်ငွေစက္ကူကို အသုံးပြုခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကျပ်နှစ်‌သောင်းတန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်တွင် စတင်ထုတ်ဝေခဲ့သည်။

နှစ်သောင်းတန်ငွေစက္ကူသည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၂၇ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စုစည်းထားသည့် စစ်ကိုင်းဖိုရမ်ကလည်း စစ်ကောင်စီထုတ်သည့် ကျပ်နှစ်‌သောင်းတန်ငွေစက္ကူအသုံးမကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေ များလာတဲ့အတွက် ဒီကနေ့ မတ်လ ၁ရက်ကစပြီး ဘယ်လိုလောင်းကစားမျိုးကိုမဆို အရေးယူတော့မယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။

Facebook