Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဆက်ဖြစ်

စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ထားသော်လည်း CDF တပ်ဖွဲ့များ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းဒေသခံက ပြောသည်။

(စစ်ကောင်စီ ဖျက်ဆီးထားသည့် လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Hkl Mindat/FB)
(စစ်ကောင်စီ ဖျက်ဆီးထားသည့် လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Hkl Mindat/FB)

▪️မြို့အဝင်လမ်းအချို့ကို စစ်ကောင်စီ ဖျက်ဆီး

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် နှင့် စစ်ကောင်စီတို့ ယနေ့ညနေပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံက အသိပေးသည်။

နိုဝင်ဘာ ၂၆ရက်က မင်းတပ်မြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို CDFက အလစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး ယနေ့(နိုဝင်ဘာ ၂၉ရက်)တွင်လည်း မင်းတပ်မြို့တစ်နေရာ၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို CDFက ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့တိုက်ပွဲ၌ ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

စစ်ကောင်စီတပ်ကလည်း ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့အဝင် နေရာအချို့၌ စစ်ကောင်စီကလမ်းဖျက်ဆီးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံနှင့် စံလယ်ကြီးကျေးရွာကို ပြည်သူများသွားလာရန် အသစ်ဖောက်လုပ်ထားသောလမ်းအား စစ်ကောင်စီက သွားလာ၍မရအောင် ဖျက်ထားသကဲ့သို့ အခြားတစ်နေရာကိုလည်း စစ်ကောင်စီက ဖျက်ဆီးထားသည်ဟု ဆိုသည်။

“မြို့သိမ်းလာတိုက်မှာကို စိုးရိမ်ပြီးဖျက်တဲ့ သဘောထင်ပါတယ်။ ကြားလမ်းတွေဆိုတော့ သူတို့ကမသိရဘူးလေ။ လာမလာကို။ ဖျက်ထားတာ ၂နေရာပါ။”ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ထားသော်လည်း CDF တပ်ဖွဲ့များ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မြို့အဝင်နေရာများကို မိုင်းများထောင်ထား၍ သတိထားသွားလာကြရန်လည်း ဒေသခံကပြည်သူများကို အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေ၍ မင်းတပ်မြို့ တောင်ဘက် ကျော့တော်ရွာအကြားရှိ ယာခင်းအတွင်းကျရောက်ပေါက်ကွဲကာ လူနေအိမ်ပျက်စီးသည့်အပြင် အသက် ၄၀ ဝန်းကျင်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။