Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့​ပေါ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ၏ခလရ (၂၇၄)တပ်ကနေ၍ လက်နက်ကြီးပစ်ခတ်နေကြောင်းသတင်းရရှိသည်။

(စစ်တပ်အာဏာသိမ်းပြီး​နောက် မင်းတပ်မြို့ရှိ ရုံးများတွင် တပ်စွဲထား​သော စစ်​ကောင်စီတပ်သားများထဲမှအချို့။ ဓါတ်ပုံ-CJ)
(စစ်တပ်အာဏာသိမ်းပြီး​နောက် မင်းတပ်မြို့ရှိ ရုံးများတွင် တပ်စွဲထား​သော စစ်​ကောင်စီတပ်သားများထဲမှအချို့။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးရဲဘော်များက ယနေ့ (နိုဝင်ဘာလ ၂၆ရက်)နံနက်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။

ယ​နေ့နံနက် ၉နာရီခွဲတွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခြင်းဟု ယင်းဖြစ်စဉ်ကို သိသည့် မြို့ခံတစ်ဦးကပြောသည်။

“ချင်းကာကွယ်ရေး ရဲဘော်တွေက ဝင်ပစ်တာ။ စစ်ကောင်စီ နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ကာကွယ်ရေးရဲဘော်တွေအန္တရာယ်ကင်းတယ်” ဟု မင်းတပ်မြို့ဒေသခံတဦးကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​​ပေ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ၏ခလရ (၂၇၄)တပ်ကနေ၍ လက်နက်ကြီးပစ်ခတ်နေကြောင်းသတင်းရရှိသည်။

မင်းတပ်မြို့ ၊ဘဝသစ်ရပ်ကွက်တွင် အရှည် ပေ ၉၈၀ ရှိ​သော ကတ္တရာလမ်းကို ကျပ်သိန်း ၂၀၀ အကုန်ခံ၍ခင်းပြီး လမ်းဖွင့်ပွဲလုပ်ကာမင်းတပ်မြို့ပေါ် သာယာဝပြောရေးနှင့် ဖွံ့ဖြိုးရေး ဦးစားပေးဆောင်ရွက်နေ​ကြောင်းစစ်​ကောင်စီက ​ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာစစ်​ကောင်စီတပ်ကို ​ချင်းတော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။