Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့၌ စည်ပင်အရာရှိတစ်ဦးနေအိမ် ဗုံးပစ် သတိပေးခံရ

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ချောက်မြို့တွင် စစ်ကောင်စီ၏ စည်ပင်သာယာရေးဌာန အရာရှိတစ်ဦး၏ နေအိမ် ဗုံးပစ် သတိပေးခံရကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာ ၁ ရက်)နေ့လယ် ၁၂ နာရီခွဲခန့်က အမှတ်(၁၅)တိုးချဲ့ရပ်ကွက်နေ စည်ပင်အကြီးတန်းအရာရှိ(ရေပေးဝေရေး)ဒေါ်နိုင်နိုင်မော်၏ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့​ခေါင်းဆောင် ဗိုလ်ပေတကပြောသည်။

နိုဝင်ဘာ ၂၉ ရက်က ချောက်မြို့၌ မြို့နယ်စည်ပင်ဥက္ကဌ အသတ်ခံရပြီးနောက် ၂ရက်အတွင်း စည်ပင်အရာတစ်ဦးနေအိမ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အဆိုပါ အမျိုးသမီးအရာရှိသည် စစ်ကောင်စီအခွန်ဘဏ္ဍရရှိရေး ရေခွန်များ အဓမ္မကောက်ခံနေခြင်း၊ စစ်ကောင်စီထောက်တိုင်အဖြစ် ဆောင်ရွင်နေခြင်း၊ ပြည်သူများအပေါ်မောက်မာစွာဆက်​ဆံခြင်းတို့ကြောင့် ၎င်း၏နေအိမ်အား ဗုံးပစ်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့​ခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါနောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူအပါအဝင် စစ်ကောင်စီလက်အောက်မှာလုပ်နေ​တဲ့ ဝန်ထမ်းတွေကို ပြောချင်တာက ပြည်သူ့ရင်ခွင်ကို အမြန်​ဆုံးခိုလှုံပါ။ အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်။”ဟု ဗိုလ်ပေတက ဆိုသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။