Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်အခြေစိုက် C.G.Fအဖွဲ့က တစ်နှစ်အတွင်း တိုက်ပွဲ၂၅ကြိမ်ဖော်ဆောင်ခဲ့ဟု အသိပေး

စစ်ဆင်ရေးအချို့၌ ရဲဘော်တစ်ဦး ညာဘက်ခြေထောက်ထိမှန်ပြီး အခြားရဲဘော်တစ်ဦး ခြေသလုံးထိမှန် ဒဏ်ရာရခဲ့ဖူးသည်။မြို့တွင်းစစ်ဆင်ရေးအချို့၌ ဆိုင်ကယ်များ၊ မိုင်းများလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

(တစ်နှစ်ပြည့်အခမ်းအနားနှင့် စစ်ရေးလေ့ကျင့်မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-C.G.F)
(တစ်နှစ်ပြည့်အခမ်းအနားနှင့် စစ်ရေးလေ့ကျင့်မှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-C.G.F)

မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် Chauk Guerilla Force(C.G.F)အဖွဲ့က တစ်နှစ်အတွင်း မြို့ပေါ်နှင့် တောတွင်းတိုက်ပွဲ ၂၅ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့၏ခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

ချောက်မြို့နယ်အခြေစိုက် Chauk Guerilla Force(C.G.F)အဖွဲ့သည် ၂၀၂၃ နိုဝင်ဘာ ၉ ရက်က အဖွဲ့တည်ထောင်မှု တစ်နှစ်ပြည့်ခဲ့သည်။

တစ်နှစ်အတွင်း ချောက်မြို့ပေါ်ရှိ စစ်ကြောရေးတပ်၊ မြို့နယ်စည်ပင်ရုံး၊ ယာကြီးပြင် ကင်းဂိတ်စခန်း၊ စီးပွားရေးဘဏ်၊ အမှတ်(၁)ရေနံကလပ်ထောင့်၊ ချောက်မြို့မရဲစခန်း စသည့်နေရာများရှိ စစ်ကောင်စီအား မိုင်းဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကပစ(၂၁)မှတပ်သားအား ရှင်းလင်းခြင်း၊ အခြားမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေး(၄)ခု ပူးပေါင်းဆောင်ရွက်ခြင်းများအပါအဝင် မြို့ပြ(UG) စစ်ဆင်ရေး (၁၂)ခု ပြုလုပ်ခဲ့ကြောင်း ဗိုလ်ပေတက ပြောသည်။

ထို့အပြင် အခြားမဟာမိတ်အဖွဲ့များနှင့်လည်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ရဲစခန်းနှင့်ပျူစောထီးစခန်းတိုက်ခိုက်မှုများ၌ (၁၃)ကြိမ်ပါဝင်ခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးအချို့၌ ရဲဘော်တစ်ဦး ညာဘက်ခြေထောက်ထိမှန်ပြီး အခြားရဲဘော်တစ်ဦး ခြေသလုံးထိမှန် ဒဏ်ရာရခဲ့ဖူးသည်။မြို့တွင်းစစ်ဆင်ရေးအချို့၌ ဆိုင်ကယ်များ၊ မိုင်းများလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

တစ်နှစ်အတွင်း လက်နက်ခဲယမ်းအချို့လည်း ဝယ်ယူစုဆောင်းခဲ့သည်ဟု ဆိုသည်။

“စစ်ရေးအရှိန်မြှင့်တင်လာတာနဲ့အမျှ ကျွန်တော် တို့မြို့ကို ကျွန်တော်တို့ စိုးမိုးနိုင်အောင် ကြိုးစားမယ်။ မကြာသောကာလမှာ ကျွန်တော်တို့မြို့ကို ပြန်သိမ်းနိုင်ဖို့ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားသွားမှာပါ။ မြို့ပြနဲ့တောတွင်းစစ်ဆင်ရေးတွေကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်သွားပါ့မယ်။”ဟု ဗိုလ်ပေတ ပြောသည်။

C.G.Fအဖွဲ့ တစ်နှစ်ပြည့်အဖြစ် သခင်ဖိုးလှကြီးအမည်ဖြင့် စစ်ရေးလေ့ကျင်မှုပြုလုပ်ခြင်း၊ NUG လက်အောက်ခံ အခြေခံပညာကျောင်းတစ်ကျောင်း၌ ကျောင်းသားကျောင်းသူများအား အာဟာရဒါနကျွေးမွေးခြင်း၊ စခန်း၌ အလံအလေးပြုပြီး တာဝန်ရှိသူများက ရဲဘော်များအား အမှာစကားများ ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။