Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောက်မြို့၌ စည်ပင်အရာရှိတစ်ဦးနေအိမ် ဗုံးပစ် သတိပေးခံရ

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ချောက်မြို့တွင် စစ်ကောင်စီ၏ စည်ပင်သာယာရေးဌာန အရာရှိတစ်ဦး၏ နေအိမ် ဗုံးပစ် သတိပေးခံရကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာ ၁ ရက်)နေ့လယ် ၁၂ နာရီခွဲခန့်က အမှတ်(၁၅)တိုးချဲ့ရပ်ကွက်နေ စည်ပင်အကြီးတန်းအရာရှိ(ရေပေးဝေရေး)ဒေါ်နိုင်နိုင်မော်၏ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့​ခေါင်းဆောင် ဗိုလ်ပေတကပြောသည်။

နိုဝင်ဘာ ၂၉ ရက်က ချောက်မြို့၌ မြို့နယ်စည်ပင်ဥက္ကဌ အသတ်ခံရပြီးနောက် ၂ရက်အတွင်း စည်ပင်အရာတစ်ဦးနေအိမ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောက်မြို့နယ်စည်ပင်ရုံးနှင့် Chauk Guerrilla Force(CGF)အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အဆိုပါ အမျိုးသမီးအရာရှိသည် စစ်ကောင်စီအခွန်ဘဏ္ဍရရှိရေး ရေခွန်များ အဓမ္မကောက်ခံနေခြင်း၊ စစ်ကောင်စီထောက်တိုင်အဖြစ် ဆောင်ရွင်နေခြင်း၊ ပြည်သူများအပေါ်မောက်မာစွာဆက်​ဆံခြင်းတို့ကြောင့် ၎င်း၏နေအိမ်အား ဗုံးပစ်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့​ခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါနောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူအပါအဝင် စစ်ကောင်စီလက်အောက်မှာလုပ်နေ​တဲ့ ဝန်ထမ်းတွေကို ပြောချင်တာက ပြည်သူ့ရင်ခွင်ကို အမြန်​ဆုံးခိုလှုံပါ။ အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်။”ဟု ဗိုလ်ပေတက ဆိုသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။