Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် Non-CDM ဝန်ထမ်း ၁၀၀ကျော် အလင်းဝင်လာ

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

အင်းတော်တွင် Non-CDM ဝန်ထမ်း ၁၀၀ကျော် အလင်းဝင်လာ
အင်းတော်တွင် Non-CDM ဝန်ထမ်း ၁၀၀ကျော် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ Non-CDM များ ဒီဇင်ဘာ ၂၄ရက် နောက်ဆုံးထား အလင်းဝင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြီးနောက် ၁၀၂ ဦး အလင်းဝင်ရောက်လာခဲ့သည်။

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြေညာပြီးနောက် ယနေ့(ဒီဇင်ဘာ၅ရက်)အထိ ပထမအကြိမ်တွင် Non-CDM ၁၀၂ ဦးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

” အားလုံး ၁၀၂ ဦးရှိလာပြီ။ ခံဝန်တွေနဲ့ ထားထားတယ်။ စစ်ကောင်စီကလည်း ရုံးတွေ မလည်ပတ်နိုင်တော့ Non-CDM တွေလည်း အခြေအနေကို နားလည်ပုံရတယ်”ဟု အင်းတော် (ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလင်းဝင်လာသူအားလုံးသည် ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပြီး ရဲနှင့်စစ်ကောင်စီတပ်သားများ မပါရှိပေ။

Public Service Announcement

Public Service Announcement

အင်း‌တော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများသည် ဒီဇင်ဘာ ၂၄ရက် နောက်ဆုံးထား၍ မိမိတို့၏ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ရန်၊အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများသည် အစိုးရဌာနဆိုင်ရာ (သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်သည့် (သို့မဟုတ်) ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ (သို့မဟုတ်) အခြား ပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် ထုတ်ပြန်ထားသည်။

CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခြင်း ပြုခဲ့သည်ဟု အထောက်အထား ခိုင်လုံသည့် Non CDM ဝန်ထမ်းများက မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျောက်ထားပါက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းနှင့်အညီ စနစ်တကျ စိစစ်၍ ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်းဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ဒီဇင်ဘာ၂၄ရက်အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non-CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဟုသတင်းထုတ်ပြန်ထားသည်။

အင်းတော်နှင့် ထိစစ်နေသော ကသာမြို့၌လည်း ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလဆန်းအတွင်း Non-CDM ၉၈ ဦးသည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံဆက်သွယ်၍အလင်းဝင်ရောက်လာခဲ့သည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော