Connect with us

Hi, what are you looking for?

Fact-Check

ကျပ် ၅၀ တန်နဲ့ ၁၀၀ တန်ဖျက်သိမ်းတယ်ဆိုတဲ့သတင်းမှား

အာဏာသိမ်းစစ်ကောင်စီက ငွေစက္ကူ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တို့ကို စက်တင်ဘာ ၂၉ ရက်စွဲနဲ့ ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု နှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေနဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လက်မှတ်တွေနဲ့ ထွက်ပေါ်လာတဲ့ အဲဒီ ထုတ်ပြန်ချက်နှစ်စောင်ဟာ ဒီနေ့မနက်ပိုင်းမှာ စတင်ပျံ့နှံလာတာပါ။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ချက် နှစ်စောင်ဟာ အတုဖြစ်တယ်လို့ ထွက်ရှင်းပါတယ်။

ထုတ်ပြန်ချက်အတုထဲမှာ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်ငွေစက္ကူတွေ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ လာရောက်အပ်နှံကြဖို့၊ လက်ဝယ်ထားတာဖြစ်စေ ၊ အသုံးပြုရင်ဖြစ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၆ (င)ပါ “တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဆိုတဲ့ ပြဌာန်းချက်အတိုင်း ပြည်တွင်းမှာ သုံးစွဲနေတဲ့ ငွေစက္ကူကို မဖျက်သိမ်းဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်အတွင်း ပြည်သူတွေအကြား လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးတွေကို ဖျက်သိမ်းခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ ဗဟိုဘဏ်ကနေ ၂၅ ကျပ် ၊ ၃၅ ကျပ် ၊ ၇၅ ကျပ်တန်ငွေစက္ကူတွေကို ဖျက်သိမ်းခဲ့ဖူးပါတယ်။

ဒါကြောင့် အခုတစ်ခေါက်မှာလည်း ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို ဖျက်သိမ်းတယ်ဆိုတဲ့ထုတ်ပြန်ချက်အတု ကြောင့် ပြည်သူလူထုအကြား ဝေဝါးကာ စိုးရိမ်စိတ်မြင့်တက်မှုတွေ ရှိလာနိုင်တဲ့အတွက် People’s Spring က စိစစ်ဖော်ပြလိုက်တာပါ။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

Fact-Check

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

Fact-Check

 သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတူတကွ ဖယ်ရှား၊ ရှင်းလင်းကြပါစို့  သတင်းမှားတွေ လုပ်ကြံသတင်းတွေဟာ ပြည်သူတွေရဲ့ နေစဥ်ဘဝနဲ့ လူမှုသဟာဇတ ဖြစ်မှုတွေအပေါ်များစွာ ထိခိုက်စေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စနစ်တကျဖြန့်ဝေနေသူတိုင်းကို နေ့စဥ်လူမှုဘဝတွေထဲကနေ တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ အလွန်မှ အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐒𝐩𝐫𝐢𝐧𝐠 သတင်းဌာနရဲ့ သတင်းတင်ဆက်သူ 𝑳𝒂𝒔𝒉𝒖...

Fact-Check

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...