Connect with us

Hi, what are you looking for?

Fact-Check

ထိုင်းက မျောက်ကျောက်လူနာ ဆိုပြီး ပုံအဟောင်းနဲ့မှားယွင်းဖြန့်ဝေ

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ လူနာရဲ့ ဓာတ်ပုံဆိုပြီး အထူးဂရုစိုက်ကြပါဆိုကာ ဓာတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ စတင်ပျံနှံ့နေတာတွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ လူနာရဲ့ ဓာတ်ပုံဆိုပြီး အထူးဂရုစိုက်ကြပါဆိုကာ ဓာတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ စတင်ပျံနှံ့နေတာတွေ့ရပါတယ်။

အမျိုးသားတစ်ဦးရဲ့ မျက်နှာ နဲ့ ခြေလက်တွေမှာ အနီအကွက်တွေဖြစ်နေတဲ့ ဓာတ်ပုံကို သုံးပြီး အဲဒီအမျိုးသားဟာ ထိုင်းနိုင်ငံ က မျောက်ကျောက်လူနာပုံ ဖြစ်တယ်လို့ သြဂုတ်လ ၂၂ ရက်က ဖေ့ဘွတ်မှာ စပျံ့လာတာပါ။

သတင်းစိစစ်ချက်

ဒီဓာတ်ပုံကို စစ်ဆေးကြည့်ရာမှာတော့ ထိုင်းနိုင်ငံက မျောက်ကျောက်လူနာမဟုတ်ဘဲ ၂၀၂၂ ခုနှစ် ၊​ဇူလိုင်လအတွင်း အမေရိကန်ပြည်ထောင်စုမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ အသက် ၃၃ နှစ်အရွယ် Kevin Kwong ဆိုတဲ့အမျိုးသားရဲ့ ဓာတ်ပုံ ဖြစ်တာ သိရှိရပါတယ်။

Public Service Announcement

Public Service Announcement

Kevin Kwong နယူးယောက်ခ်ကနေ ကယ်လီဖိုးယားကနေအိမ်ဆီပြန်ရောက်ပြီး ရက်ပိုင်းအကြာမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ လက္ခဏာတွေ စတင်ခံစားခဲ့ရတာဖြစ်ပါတယ်။

Kevin Kwong ရဲ့ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့အတွေ့အကြုံကို ကယ်လီဖိုးနီးယားအခြေစိုက် Los Angeles Times က ရေးသားထားတဲ့သတင်းကို အခုလင်ခ့်မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.latimes.com/…/la-dolorosa-y-aterradora…

ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ မျောက်ကျောက်လူနာဟာ အသက် ၆၆ နှစ်အရွယ် ဥရောပတိုက်သား တစ်ဦး ဖြစ်ပြီး သူရဲ့ဓာတ်ပုံတွေကို ထိုင်းအစိုးရဘက်က မထုတ်ပြထားပါဘူး။

ဒီအချက်တွေကြောင့် ဖေ့ဘွတ်ခ်မှာ စပျံ့ လာတဲ့ ထိုင်းက မျောက်ကျောက်လူနာ ဓာတ်ပုံဆိုတာဟာ လတ်တလော ဓာတ်ပုံတွေမဟုတ်ဘဲ အမေရိကန်က လူနာရဲ့ ဓာတ်ပုံအဟောင်း ဆိုတာကိုသိရမှာပါ။

ထိုင်းမှာ တွေ့ရတဲ့ ကူးစက်ခံ ဥရောပတိုက်သား ရဲ့ ဓာတ်ပုံတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြတာမရှိပါဘူး။

သူဟာအမည်ဖော်မပြတဲ့ အာဖရိက နိုင်ငံတစ်ခုကနေ ဩဂုတ် ၁၄ ရက်နေ့တုန်းက ထိုင်းကို ရောက်လာခဲ့ပြီး သူ့မှာ Clade 1b အမျိုးအစား မျောက်ကျောက်ရောဂါ ကူးစက်လာခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲ့ ရောဂါထိန်းချုပ်ရေးဌာန (DDC)က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ Clade 1b အမျိုးအစား မျောက်ကျောက်ဗိုင်းရပ်စ် ဟာ အာဖရိကတိုက်မှာ လတ်တလော ဒုက္ခပေးနေပြီး နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကြေညာထားတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ် ဆိုတာကို ထိုင်းနိုင်ငံက အတည်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ မျောက်ကျောက် ဗိုင်းရပ်စ် မျိုးကွဲသစ် တွေ့ရှိတဲ့ သတင်း ဘန်ကောက်ပို့စ်သတင်းဌာန က ဖော်ပြထားတာကို အခုလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.bangkokpost.com/…/thailand-confirms-asias…

မြန်မာဘာသာနဲ့သတင်းကို People’s Spring သတင်းဌာနရဲ့ အခုလင်ခ့်မှာ ဖတ်နိုင်ပါတယ်။

https://www.facebook.com/photo/?fbid=839644494901011&set=pb.100065664033865.-2207520000

လက်ရှိမှာ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ WHO က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက် ဗိုင်းရပ်စ် မျိုးကွဲသစ် (Clade 1b) ကိုထိုင်းနိုင်ငံ မှာပဲ တွေ့ရှိရသေးတာပါ။

ဒါဟာအရှေ့တောင်အာရှဒေသတွင်းတင်မက အာရှတိုက်မှာ ပထမဆုံးအကြိမ် ကူးစက်လူနာတွေ့ရတာလည်းဖြစ်ပါတယ်။

မျောက်ကျောက် ဗိုင်းရပ်စ် မျိုးကွဲသစ်( Clade 1b) ကို အဖြစ်များနေတဲ့ အာဖရိက တိုက်ပြင်ပမှာဆိုရင် ဒီနေ့ သြဂုတ်လ ၂၃ ရက်အထိ ဥရောပတိုက်က ဆွီဒင်နိုင်ငံမှာ ကူးစက်လူနာ ၁ဦီးနဲ့ အာရှတိုက်မှာဆိုရင် ထိုင်းရောက် လူနာ ၁ ဦးသာတွေ့ရှိထားတာပါ။

မျောက်ကျောက်ရောဂါ ဖြစ်ပွားပုံ ၊ ရောဂါလက္ခဏာပြသပုံ ၊ လူတစ်ဦးကနေ တစ်ဦီးကူးစက်ပုံ ၊ ကာကွယ်ရမယ့် နည်းလမ်းတွေကို အခုလင့်ခ်မှာဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/photo?fbid=839710358227758&set=a.559396186259178

သုံးသပ်ချက်

ထိုင်းနိုင်ငံ မျောက်ကျောက် ဗိုင်းရပ်စ် မျိုးကွဲသစ် (Clade 1b) ဖြစ်ပွါးမှုရှိခဲ့ပါတယ်။

မျောက်ကျောက်ကူးစက်ခံရတဲ့ ဓာတ်ပုံဟာ တခြားနိုင်ငံက ပုံကိုယူသုံး ချိတ်ဆက်ရေးသားထားတဲ့ အဆက်စပ်အမှားဖြစ်ပါတယ်။

သတင်းအချက်အလက်တွေအလွယ်တကူပျံ့နှံ့လာခဲ့ ခေတ်ကြီးထဲမှာ တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှ သတင်းအချက်အလက်တွေကို အလွယ်တကူ မယုံကြည်ဘဲ၊ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာ ဌာနများက သတင်းတွေကို ရှာဖွေဖတ်ရှုဖို့ အကြံပြုတိုက်တွန်းပါတယ်။

သတင်းအမှားတွေ လုပ်ကြံသတင်းတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ People’s Spring သတင်းဌာနကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

People’s Spring ရဲ့ Community Fact Checking တယ်လီဂရမ်ချန်နယ်ကနေလည်း သတင်းအချက်တွေ စစ်ဆေးပေးဖို့ ဆက်သွယ်နိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Home

ဆက်စပ်သတင်းများ

Fact-Check

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

သတင်း

Mpox ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသတိပြု ​​ရှောင်ကျဥ် နိုင်ရန် အမျိူးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာ​ရေးဝန်ကြီးကသြဂုတ် ၂၂ ရက်တွင်ထုတ်ပြန်​သော ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်ကို People's Spring ကဖော်ပြ​ပေးလိုက်ပါသည်။

နိုင်ငံတကာ

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့...

သတင်း

မျောက်ကျောက်ဟာ ကိုဗစ်လိုမျိုး လေထဲက ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် မဟုတ်သလို ကူးစက်နှုူန်းကလည်း ကိုဗစ်လောက် မမြန်ဘူး ဆိုပေမယ့် ကမ္ဘာ့နိုင်ငံတွေ တော်တော်များများဆီ ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Facebook