Connect with us

Hi, what are you looking for?

Fact-Check

မိုးကုတ်မြို့သိမ်းတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ နာရေးဆိုပြီး သတင်းမှားဖြန့်

ဇူလိုင် ၂၇ ရက်၊ ၂၀၂၄

မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေကိုသိမ်းပြီးတဲ့နောက် မြိုခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပုံတွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား အုံးအုံးထနေချိန်မှာပဲ မြို့သိမ်းရာမှာပါ ဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်တွေကို အစုလိုက်ရှင်းလင်းလိုက်နိုင်တယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Khon Sia Oo ဆိုတဲ့ ချန်နယ်က မိုးကုတ်မြို့ကိုတအာင်းတပ်(TNLA) နဲ့ မန္တလေး PDF တို့သိမ်းယူပြီး နောက်ရက် ဇူလိုင်လ ၂၅ ရက်မှာ ဖြန့်ဝေခဲ့တာပါ။

Public Service Announcement

Public Service Announcement

PDF တပ်ဖွဲ့ဝင်တွေ လွမ်းသူပန်းခွေကိုယ်စီကိုင်ဆောင်ထားတဲ့နာရေး မြင်ကွင်းဓာတ်ပုံတစ်ပုံနှင့်အတူ

မိုးကုတ်မှာ PDF တွေကို အစုလိုက်ရှင်းလင်းနေတာကြောင့် ကျဆုံး PDF တွေရဲ့ နာရေးအခမ်းအနားလုပ်နေသယောင် ဖြန့်ဝေတာပါ။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်ရဲ့ဖြန့်ဝေမှုကို ဇူလိုင်လ ၂၇ ရက်အထိ ၃ ရက်တာအတွင်း တယ်လီဂရမ်သုံးစွဲသူ ၄၇၉ ဦးတွေ့ရှိထားပြီးပါပြီ။

ဖြန့်ဝေမှုကိုကြည့်ရှုနိုင်ဖို့တယ်လီဂရမ်လင့်ခ်

https://t.me/wi969/12166

အဲဒီဖြန့်ဝေမှုမှာပါဝင်တဲ့ ဓာတ်ပုံကို စစ်ဆေးရာမှာတော့ မိုးကုတ်မြို့သိမ်းတိုက်ပွဲက PDF တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံမဟုတ်ဘူးဆိုတာ အထောက်အထားတွေနဲ့အတည်ပြုနိုင်ခဲ့ပါတယ်။

ဓာတ်ပုံဟာ ဇူလိုင်လ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ 96 Soldiers-PDF အညာဒေသ တပ်စိတ်မှုးရဲ့ နာရေးဓာတ်ပုံ ဖြစ်ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ဝေထားတဲ့ ဓာတ်ပုံကို 96 Soldiers-PDF အညာဒေသ ခေါင်းဆောင် ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ဓာတ်ပုံဟာ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ရဲ့ နာရေး ဓာတ်ပုံဖြစ်တယ်ဆိုတာအတည်ပြုပေးပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင် ရဲ့ နာရေးမှတ်တမ်းဓာတ်ပုံတွေကို 96 Soldiers-PDF အညာဒေသ ဖေ့ဘွတ်ခ်ပေ့ချ်က ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် 96 Soldiers-PDF အညာဒေသ ဖေ့ဘွတ်ခ်ပေ့ချ် ဟာ တိုက်ပွဲသတင်း တွေ တင်တာများတဲ့အတွက် ဖေ့ဘွတ်ခ်ရဲ့ community standards ထိထားတာကြောင့် ပေ့ချ်ကို လက်ရှိမှာ လူအများမမြင်ရတော့တာလို့ ကိုဇေယျာလွင်က ပြောပါတယ်။

ဒါကြောင့် 96 Soldiers-PDF အညာဒေသရဲ့ တပ်ဖွဲ့ဝင် တပ်စိတ်မှုးအသက် ၂၈ နှစ် အရွယ် ရဲဘော်သားငယ်(ခ) ဖော်တီး ရဲ့ နာရေးသတင်းကို ဖော်ပြခဲ့တဲ့သတင်းဌာနရဲ့ ဖော်ပြချက် ဖေ့ဘွတ်ခ်လင်ခ့်ကို မျှဝေပေးလိုက်ပါတယ် ။ အခုလင့်ခ်မှာတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်က အသုံးပြုထားတဲ့ ဓာတ်ပုံ မူရင်း ဇာစ်မြစ်ကိုသိရှိနိုင်မှာပါ။

⦿ သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဟာ မိုးကုတ်မြို့ကနေ မိုင် ၁၀၀ နီးပါးကွာဝေးတဲ့ အညာဒေသ ရွှေဘို မြို့နယ်အတွင်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင်ရဲ့ နာရေးဓာတ်ပုံကို အသုံးပြုထားပြီး မိုးကုတ်က PDF တပ်ဖွဲ့ဝင်တွေ ကျဆုံးသယောင် ပုံမှားရိုက်ပြီး သတင်းမှားကို ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေတာ တွေ့ရှိရပါတယ်။

အခုလို သတင်းမှားမျိုးကို တော်လှန်ရေးအင်အားစုတွေ တပ်စခန်းတွေကို သိမ်းယူနိုင်တဲ့အချိန်မျိုးတွေမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖြန့်ဝေလေ့ရှိပါတယ်။

နမူနာအနေနဲ့ အခုနှစ်ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းမှာ KIA နဲ့ PDF တို့ရဲ့ ထိုးစစ်ကို ကြုံရချိန်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ချေမှုန်းလိုက်တာကြောင့် KIA နဲ့ PDF တွေ အတုံးအရုံး ကျဆုံးခဲ့ရတယ်ဆိုပြီး ဓာတ်ပုံအဟောင်းတွေနဲ့ ပုံမှားရိုက်ပြီး သတင်းမှားဖြန့်တာရှိခဲ့ပါတယ်။

အဲဒီအချိန်က People’s Spring ရဲ့ အချက်အလက် စိစစ်တဲ့အဖွဲ့က စစ်ဆေးပြီး တင်ဆက်ပေးခဲ့တဲ့ ရုပ်သံဖိုင်ကို ကြည့်ရှု့လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

 

သတင်းအမှားတွေ လုပ်ကြံသတင်းတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ People’s Spring သတင်းဌာနကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

People’s Spring ရဲ့ Community Fact Checking တယ်လီဂရမ်ချန်နယ်ကနေလည်း သတင်းအချက်တွေ စစ်ဆေးပေးဖို့ ဆက်သွယ်နိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://myanmarfactcheckingnetwork.org

ဆက်စပ်သတင်းများ

သတင်း

ဇန်နဝါရီ-၁၃၊၂၀၂၆။မိုမို၊​ရွှေပြည်စိုး/People’s Spring မင်းတုန်းမြို့ပေါ်မှာ စစ်တပ်ရွေးကောက်ပွဲ အပိုင်း (၂) အတွက် စစ်တပ်က အင်အားအများအပြားဖြည့်တင်းပြီး အတင်းအကျပ် ပြုလုပ်ခဲ့ပြီးနောက် မနေ့က (ဇန်နဝါရီ ၁၂ ရက်)က မဲပုံးတွေကို သရက်မြို့ကို ပို့ဖို့အတွက် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ အင်အား ၂၅၀ပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ မင်းတုန်း –...

သတင်း

မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့အဝင်ကို အာဏာသိမ်းစစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။