ဝါဒဖြန့်ချိမှုတွေက ပုံစံမျိုးစုံနဲ့လာတတ်ပါတယ်။ တစ်ချို့ဝါဒဖြန့်ချိမှုတွေက စိတ်ခံစားမှုကို လှုံ့ဆော်ပေးပါတယ်။ တစ်ချို့ကျတော့ အချက်အလက်ကိန်းဂဏန်းတွေ၊ အမှန်အကန်အကြောင်းအရာတွေကိုတပိုင်းတဆသုံးပြီးလည်း မသိမသာ ဝါဒဖြန့်တတ်ပါတယ်။ တစ်ချို့ကျတော့ ဇာတ်ကြောင်းတစ်ခုကိုပဲ ထပ်ကာ ထပ်ကာ ဖတ်မိ၊ ကြည့်မိ၊ နားထောင်မိအောင်လုပ်ပြီး မြင်ဖန်များ တစတစယုံကြည်လာအောင် ဝါဒဖြန့်တာမျိုးလည်းရှိတတ်ပါတယ်။ လူအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို အပြစ်တင်တဲ့ဇာတ်ကြောင်းပုံစံနဲ့ ဝါဒဖြန့်တာလည်းရှိပါသေးတယ်။ နောက်တစ်မျိုးကတော့ ထင်ယောင်ထင်မှားဖြစ်စေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအသုံးချပြီးတော့လည်း လွဲမှားတဲ့ဇာတ်ကြောင်းကို ဝါဒါဖြန့်ချိမှုမျိုးလည်းတွေ့ရတတ်ပါတယ်။
ဒါကြောင့် ဒီကနေ့ခတ်ဆိုရှယ်မီဒီယာသုံးတိုင်း ဒီအချက်တွေ သတိထားပေးဖို့လိုပါလိမ့်မယ်။
ပို့စ်တင်ထားတဲ့ အရင်းအမြစ်ကို သေချာဆန်းစစ်ပါ။
ဖတ်မိ၊ ကြည့်မိ၊ နားထောင် မိတာတိုင်းကို မေးခွန်းထုတ်ပါ။

Public Service Announcement
အကိုးအကား၊ အထောက်အထားတွေကို ရှာဖွေပါ။
စိတ်ခံစားမှုကိုလှုံ့ဆော်ပေးတဲ့ ပို့စ်တွေကို ရှောင်ပါ။
