Connect with us

Hi, what are you looking for?

Fact-Check

Share ခလုတ်မနှိပ်ခင် ဒီအချက်တွေ သတိရပေးပါ။

ပဋိပက္ခဖြစ်ပွားနေချိန်ကာလမှာ ဘယ်လိုသတင်းအချက်လက်မျိုးကိုမဆို ဆိုရှယ်မီဒီယာမှာ မျှဝေတဲ့အခါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေချိန်ကာလမှာ ဘယ်လိုသတင်းအချက်လက်မျိုးကိုမဆို ဆိုရှယ်မီဒီယာမှာ မျှဝေတဲ့အခါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဗီဒီယိုပဲဖြစ်ဖြစ်၊ massage တိုလေး တစ်ခုပဲဖြစ်ဖြစ်၊ ဓာတ်ပုံတစ်ပုံပဲဖြစ်ဖြစ်၊ ထုတ်ပြန်ချက်စာရွက်စာတမ်းမျိုးပဲဖြစ်ပါစေ Share ခလုတ်နှိပ်ကာနီးတိုင်းဒီအချက်တွေကို သတိရပေးပါ။

  • ဒီဆိုရှယ်မီဒီယာပို့စ်က အမှန်အကန်ဟုတ်ရဲ့လား။
  • ဒီဆိုရှယ်မီဒီယာပို့စ်က တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို ထိခိုက်စေနိုင်လား၊အန္တရာယ်ဖြစ်စေမလား။
  • သတင်းမှား၊ အကြောင်းအရာမှားတွေကို ဖြန့်ဝေသူဖြစ်သွားနိုင်မလား။

အဲဒီအချက် ၃ ချက်ကို သေချာတွေးပြီးမှ Share ခလုတ်နှိပ်ဖို့ ဆုံးဖြတ်ပါ။ သတင်းတွေဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့သတင်းဌာန တစ်ခုမကမှာ ဖော်ပြထားရဲ့လားဆိုတာကိုလည်း ရှာဖတ်ကြည့်သင့်ပါတယ်။

မိမိတို့လူ့အဖွဲ့အစည်းဆီကို မှန်ကန် အရေးပါတဲ့ သတင်းအချက်အလက်တွေစီးဆင်းစေမလား၊ သတင်းမှား ဝါဒဖြန့်ချိရေးနဲ့ အမုန်းစကားတွေ ပိုစီးဆင်းစေမလားဆိုတာ ဆိုရှယ်မီဒီယာသုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားအပေါ်ပဲ မူနေတယ်မဟုတ်ပါလား။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

ယနေ့ ကမ္ဘာဟာ မိမိရဲ့ မိုဘိုင်းမျက်နှာပြင်ကို လက်ချောင်းလေးနဲ့ ထိလိုက်ရုံနဲ့ အာလာဒင်ရဲ့ တစ်ထောင်နှင့်တစ်ည ပုံပြင်ထဲက လိုတရမီးခွက်လို ကမ္ဘာတစ်ခုလုံး ကိုယ့်ရှေ့ ရောက်လာစေနိုင်တဲ့ ခေတ် ဖြစ်ပါတယ်။ သို့သော် လူငယ်တချို့အတွက်တော့ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ နီးကပ်လာခြင်းက၊ မိမိလက်တွေ့ဘဝရဲ့ ပြင်ပကမ္ဘာနဲ့ ပိုမိုဝေးကွာသွားခြင်းရဲ့ အစလည်း ဖြစ်လာနေပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Fact-Check

ထိုစာအတုကို Photoshop ဖြင့်ပြုပြင်၍ ​ဖေစ်ဘွခ်တွင် ဖြန့်ချီခဲ့ခြင်းဖြစ်