Connect with us

Hi, what are you looking for?

Fact-Check

KNU စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး ကျိုက်မရော ဗုံးကြဲခံရမှုမှာပါသွားတယ်ဆိုတဲ့သတင်းအမှား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း KNU တပ်မဟာ (၆) ကွပ်ကဲမှုအောက်က Lion Battalion- ကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။

People’s Spring _ Dawei Watch

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း KNU တပ်မဟာ (၆) ကွပ်ကဲမှုအောက်က Lion Battalion- ကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲ KNU စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး ပါဝင်သွားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေထဲ လူသိများတဲ့ Kyaw Swar က ဇူလိုင်လ ၂၀ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြန့်ဝေမှုကို ဒီနေ့ ဇူလိုင် ၂၄ ရက်အထိ တယ်လီဂရမ်သုံးစွဲသူ ခြောက်သောင်းခွဲကျော် တွေ့ရှိထားသလို reaction လုပ်သူ ထောင့်သုံးရာကျော်နဲ့ မှတ်ချက် ဝင်ရောက်ရေးသားတာ ၁၂၅ ခု ရှိတာတွေ့ရပါတယ်။

ဗိုလ်အယ်လ်စေးဝါး လေကြောင်းတိုက်ခိုက်မှုမှာ ပါသွားတယ်ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်ရဲ့ ဖြန့်ဝေပုံ တယ်လီဂရမ်လင့်ခ်ကို ဒီနေရာမှာ( https://archive.ph/Owmv4) ကြည့်နိုင်ပါတယ်။

အလားတူ subscriber ခြောက်သောင်းကျော်ရှိတဲ့ snow queen ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တစ်ခုကလည်း ဗိုလ်အယ်လ်စေးဝါးသေတယ်လို့ ဇူလိုင် ၂ဝ ရက်မှာပဲ ဖြန့်ချိခဲ့ပါတယ်။

အဲဒီဖော်ပြချက်ဟာ ကြည့်ရှူသူ တစ်သောင်းခုနစ်ထောင်ကျော်၊ reaction ပြုလုပ်သူ ၂၆၂ ဦးနဲ့ မှတ်ချက်ပြုသူ ဆယ်ဦးနဲ့ ဆက်လက်ပျံ့နှံ့နေတာ ဒီနေရာမှာ ( https://archive.ph/Xrlhe ) ကြည့်နိုင်ပါတယ်။

◘ ငပုအင်းရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု

မွန်နဲ့ ကရင်အစပ်မှာရှိတဲ့ ကျိုက်မရောမြို့နယ်ထဲက ငပုအင်းရွာဘုန်းကြီးကျောင်းနဲ့ ရွာအနီးက လွှစင်ကုန်းလမ်းဆုံ နေရာတွေကို ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲခံရတာ မှန်ကန်ကြောင်းကို ကျိုက်မရောနယ်မြေရဲ့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်းရင်းမြစ်ရဲ့ လုံခြုံရေးအရ သူရဲ့အမည်နဲ့ နေရပ်ကို ဒီနေရာမှာ ထည့်သွင်းမဖော်ပြထားပါဘူး။

ကရင်ပြည်နယ်အခြေစိုက်သတင်းဌာနဖြစ်တဲ့ Karen Information Center (KIC) ကလည်း KNU တပ်မဟာ (၆) နယ်မြေရှိ ငပုအင်းကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ လူ ၃၀ ခန့် သေဆုံးတာကို သတင်းဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၀ ရက်မှာ ကျရောက်မယ့် ဝါဆိုလပြည့်နေ့ အလှူအတွက် ဘုန်းကြီးကျောင်းမှာ ချက်ပြုတ်နေကြချိန် ဗုံးကြဲခံရတာဖြစ်ပြီး အရပ်သားတွေ၊ PDF တပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်ဆိုတာ KIC သတင်းမှာ တွေ့ရမှာပါ။

Karen Information Center( KIC) သတင်းကို ဖတ်ရှုဖို့ လင့်ခ်

https://kicnews.org/2024/07/ ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ဃန်းကပ်အလှူအတွက် ချက်ပြုတ်ပြင်ဆင်နေစဉ် ဗုံးကြဲခံရ၍ ၃၀ ဦးခန့်သေဆုံး

◘ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူတွေအထဲ ဗိုလ်အယ်‌လ်စေးဝါး မပါဝင်

ဗိုလ်အယ်လ်စေးဝါးဟာ စစ်ကောင်စီတပ်က ဗုံးကြဲခံတိုက်ချိန်မှာ အလှူအတွက် ပြင်ဆင်မယ့် အခမ်းအနားနေရာဆီလာနေဆဲ လမ်းမှာ ဖြစ်တဲ့အတွက် လွတ်မြောက်ခဲ့ရတာလို့ ဗိုလ်အယ်လ်စေးဝါးကိုယ်တိုင် ဇူလိုင်လ ၂၃ ရက်မှာ ရှင်းလင်းအသိပေးလာပါတယ်။

ဗိုလ်အယ်လ်စေးဝါးရဲ့ ရှင်းလင်းချက် ဖေ့ဘွတ်ခ်လင့်ခ်

◘ သုံးသပ်ချက်

ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်း လမ်းဆုံတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အပါအဝင် လူ ၃ဝ နီးပါး သေဆုံးခဲ့တယ်ဆိုတာဟာ မှန်ကန်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက ဖြန့်ဝေသလို စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး ဗုံးကြဲခံရမှုအတွင်း သေဆုံးသွားတယ်ဆိုတာက မမှန်ကန်ပါဘူး။

ဒါ့ကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်ရဲ့ ဖြန့်ဝေမှုဟာ သတင်းမှားသာ ဖြစ်တာကို တွေ့ရမှာပါ။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အရင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းတွေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်ဆိုတဲ့ သတင်းမှားတွေကို ဖြန့်ဝေဖူးပါတယ်။ ရောဂါဝေဒနာကြောင့် သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေမှာလည်း အခုလိုမျိုး အချိန်ကိုက် သတင်းမှားတွေ ဖြန့်ဝေဖူးပါတယ်။

AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့ NUG လက်အောက်ခံ ရေးဘီလူးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တို့ သေဆုံးသွားတယ်ဆိုတာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက ဖြန့်ဝေခဲ့ကြချိန်က People’s Spring နဲ့ Dawei Watch သတင်းဌာနတို့က အချက်အလက် စစ်ဆေးဖော်ပြခဲ့တဲ့ ဖေ့ဘွတ်ခ်လင့်ခ်တွေကိုလည်း ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်တယ်။

People’s Spring

Dawei Watch

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့၊ People’s Spring ၊ Dawei Watch စတဲ့ အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေ၊ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – Link https://myanmarfactcheckingnetwork.org/

Fb – Link

https://www.facebook.com/myanmarfactcheckingnetwork

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။