ဆိုရှယ်မီဒီယာမှာ လူ၊ အဖွဲ့အစည်း၊ အစုအဖွဲ့ အသီးသီးက သူတို့ ထင်မြင်၊ ယူဆ၊ ယုံကြည်ချက်တွေကို ပုံစံမျိုးစုံနဲ့ ဖော်ပြလေ့ရှိပါတယ်။ နိုင်ငံရေး၊ လူမျိုးရေး အပါအဝင် စီးပွားရေး၊ ပညာရေး စတဲ့ လူအများနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေတိုင်းမှာလည်း ကိုယ့်ရပ်တည်မှု၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အစုအဖွဲ့ ယူဆချက်၊ ရပ်တည်ချက်တွေကို ထောက်ခံလာအောင်၊ အားကောင်းလာအောင် အကျိုးစီးပွားရအောင် ဆိုရှယ်မီဒီယာအသုံးချ လွှမ်းမိုးဖို့ကြိုးစားကြလေ့ရှိပါတယ်။
ဆိုရှယ်မီဒီယာမှာ မတူကွဲပြားတဲ့အမြင်ရှုထောင့်စုံကို ရှာဖွေ ဖတ်ရှု၊ ကြည့်ရှု၊ နားဆင်ခြင်းအားဖြင့် သုံးသပ်ဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ကြရအောင်ပါ။ ဒါမှသာ ရှုထောင့်စုံက သတင်းအချက်အလက်၊ သုံးသပ်မှုတွေအပေါ်မှီတည်တဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်သလို တာဝန်ယူမှု၊ လေစားမှုရှိသော ဆိုရှယ်မီဒီယာသုံးစွဲသူများလည်း ဖြစ်မှာဖြစ်ပါတယ်။
