Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIAပူးပေါင်းတပ်သိမ်းပိုက်

မံစီမြို့နယ် မံဝိန်းကြီးဒေသရှိ စစ်စခန်းများကိုလည်း KIAက တိုက်ခ်ုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ် မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇန်နဝါရီ ၂၉ )မနက်တွင်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခုကို KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေတပ်(KPDF)ပူးပေါင်းတပ်များက ဆက်တိုက် သိမ်းပိုက်လျက်ရှိရာ ယခုရက်ပိုင်းတွင် ကိုက်ထိပ်စစ်တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)

“ဒီနေ့မနက် ၈နာရီခွဲမှာ ဗန်းမော်ခရိုင် မံစီ မြို့နယ် ကိုက်ထိပ် စကစ တပ်စခန်းကုန်းအားလုံးကို KIA+KPDF ပူးပေါင်းတပ်ဖွဲ့များ အပြီးအစီးသိမ်းပိုက်လိုက်ပါပြီ” ဟုစစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးမှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“လက်နက်ရရှိမှုစရင်းမသိရသေး….ဂိုဒေါင်လိုပ်ကိုရတယ်လို့ပြောတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ် မံဝိန်းကြီးဒေသရှိ စစ်စခန်းများကိုလည်း KIAက တိုက်ခ်ုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

KIA အနေဖြင့် ဇန်နဝါရီ ၂၈ မနက်ပိုင်းကလည်း တနိုင်းမြို့နယ်ဒလူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်