ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နှင့် ကချင် ပြည်နယ် မံစီမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် အကြောင်းကြားကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ယနေ့ ထုတ်ပြန်သည်။
မဘိမ်းမြို့ပေါ် ရပ်ကွပ်များနှင့် မဘိန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၅ခုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး ဝန်ထမ်းများကို နှုတ်ထွက်ရန် ကျေးရွာအမည်များနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာများမှာ ခေါတော၊ အထက်ယမ်းဘို၊ အောက်ယမ်းဘို၊ မဇလီ၊ လဝါ၊ သပြောက်၊ အလယ်ရွာ၊ မလိုင်ကုန်း၊ ဘဟဲ၊ မိုင်းသာ၊ ပွေးတူး၊ ပင်ကြိမ်၊ ပင်ကြိမ်ရွာဟောင်း၊ စီပန်း၊ တုံကွာ၊ မိုးလိုင်း၊ နမ့်ဟွမ်၊ ခိုတာ၊ ဝိုင်းလုံ၊ ပျဉ်လဟာ၊ ဘိုင်ဘင်ဆုံး၊ မအူကုန်း၊ နမ့်ပုံးပုံး၊ ကုန်းခါး၊ ကုန်းမခံစသည့်တို့ ဖြစ်သည်။
မံစီမြို့နယ်အတွင်းရှိ စီခန်းကြီး၊ ခါချဉ်၊ မွန်စင့်၊ ကောင်လွင်၊ မိုင်းနောင်၊ ကမ်းနီ၊ နန့်ဟန်၊ စီအူ စသည် တို့မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးဝန်ထမ်းများကိုလည်း နှုတ်ထွက်ရန် သတိပေးထားသည်။