Connect with us

Hi, what are you looking for?

News

မဘိမ်းနှင့် မံစီမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ ယခုလကုန် နောက်ဆုံးထား နှုတ်ထွက်ကြရန် ရွှေကူ PDF သတိပေး

မံစီမြို့နယ်အတွင်းရှိ စီခန်းကြီး၊ ခါချဉ်၊ မွန်စင့်၊ ကောင်လွင်၊ မိုင်းနောင်၊ ကမ်းနီ၊ နန့်ဟန်၊ စီအူ စသည် တို့မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးဝန်ထမ်းများကိုလည်း နှုတ်ထွက်ရန် သတိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နှင့် ကချင် ပြည်နယ် မံစီမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် အကြောင်းကြားကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) က ယနေ့ ထုတ်ပြန်သည်။

မဘိမ်းမြို့ပေါ် ရပ်ကွပ်များနှင့် မဘိန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၅ခုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး ဝန်ထမ်းများကို နှုတ်ထွက်ရန် ကျေးရွာအမည်များနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာများမှာ ခေါတော၊ အထက်ယမ်းဘို၊ အောက်ယမ်းဘို၊ မဇလီ၊ လဝါ၊ သပြောက်၊ အလယ်ရွာ၊ မလိုင်ကုန်း၊ ဘဟဲ၊ မိုင်းသာ၊ ပွေးတူး၊ ပင်ကြိမ်၊ ပင်ကြိမ်ရွာဟောင်း၊ စီပန်း၊ တုံကွာ၊ မိုးလိုင်း၊ နမ့်ဟွမ်၊ ခိုတာ၊ ဝိုင်းလုံ၊ ပျဉ်လဟာ၊ ဘိုင်ဘင်ဆုံး၊ မအူကုန်း၊ နမ့်ပုံးပုံး၊ ကုန်းခါး၊ ကုန်းမခံစသည့်တို့ ဖြစ်သည်။

မံစီမြို့နယ်အတွင်းရှိ စီခန်းကြီး၊ ခါချဉ်၊ မွန်စင့်၊ ကောင်လွင်၊ မိုင်းနောင်၊ ကမ်းနီ၊ နန့်ဟန်၊ စီအူ စသည် တို့မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးဝန်ထမ်းများကိုလည်း နှုတ်ထွက်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား