Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIAပူးပေါင်းတပ်သိမ်းပိုက်

မံစီမြို့နယ် မံဝိန်းကြီးဒေသရှိ စစ်စခန်းများကိုလည်း KIAက တိုက်ခ်ုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ် မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇန်နဝါရီ ၂၉ )မနက်တွင်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခုကို KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေတပ်(KPDF)ပူးပေါင်းတပ်များက ဆက်တိုက် သိမ်းပိုက်လျက်ရှိရာ ယခုရက်ပိုင်းတွင် ကိုက်ထိပ်စစ်တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များနှင့် စစ်​​ကောင်စီတပ်၏ ကိုက်ထိပ် ​ဒေသမှတပ်စခန်းတစ်ခုကို အ​ပေါ်စီးမှ​တွေ့ရပုံ။ဓါတ်ပုံ-KIA)

“ဒီနေ့မနက် ၈နာရီခွဲမှာ ဗန်းမော်ခရိုင် မံစီ မြို့နယ် ကိုက်ထိပ် စကစ တပ်စခန်းကုန်းအားလုံးကို KIA+KPDF ပူးပေါင်းတပ်ဖွဲ့များ အပြီးအစီးသိမ်းပိုက်လိုက်ပါပြီ” ဟုစစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးမှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“လက်နက်ရရှိမှုစရင်းမသိရသေး….ဂိုဒေါင်လိုပ်ကိုရတယ်လို့ပြောတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ် မံဝိန်းကြီးဒေသရှိ စစ်စခန်းများကိုလည်း KIAက တိုက်ခ်ုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

KIA အနေဖြင့် ဇန်နဝါရီ ၂၈ မနက်ပိုင်းကလည်း တနိုင်းမြို့နယ်ဒလူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။