Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာဘ်ပေးလာဘ်ယူမှုနဲ့ လုံးဝ မပတ်သက်ခဲ့ကြောင်း ထိုင်းဂျာနယ်လစ်များ အဖွဲ့ချုပ် ရှင်းလင်း

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။

လာဘ်ပေးလာဘ်ယူမှုနဲ့ လုံးဝ မပတ်သက်ခဲ့ကြောင်း ထိုင်းဂျာနယ်လစ်များ အဖွဲ့ချုပ် ရှင်းလင်း
လာဘ်ပေးလာဘ်ယူမှုနဲ့ လုံးဝ မပတ်သက်ခဲ့ကြောင်း ထိုင်းဂျာနယ်လစ်များ အဖွဲ့ချုပ် ရှင်းလင်း

ထိုင်းဂျာနယ်လစ်များ အဖွဲ့ချုပ် (TJA)က ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူဟာ တရားမဝင် အွန်လိုင်း လောင်းကစား ကွန်ရက်တစ်ခုဆီကနေ လာဘ်ငွေတွေ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်သွားခဲ့ပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေမှာတော့ TJAရဲ့ ဒုတိယ ဥက္ကဋ္ဌတွေထဲမှာ နာမည်ကို W စာလုံးနဲ့ အစပြုသူက လာဘ်ငွေတွေ ရယူထားတာဆိုပြီး ဖော်ပြနေတာပါ။ အဖွဲ့ဝင်များဆိုင်ရာ ဆက်ဆံရေးနဲ့ ကောင်းကျိုး ဖော်ဆောင်ရေး တာဝန်တွေ ယူထားတဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဝပ်တန်နာချိုင် ယာနင်တန်ဟာ နာမည်မှာ Wနဲ့စတဲ့ အဲဒီပုဂ္ဂိုလ်ဆိုတာ သူမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့လည်း TJAရဲ့ ဒုတိယ ဥက္ကဋ္ဌတွေထဲမှာ နာမည်က Wနဲ့စတာ သူတစ်ယောက်တည်း ရှိတာကိုလည်း ဝပ်တန်နာချိုင်က အတည်ပြုခဲ့ပါတယ်။ သူဟာ မတ်လ ၂ ရက်နေ့ကမှ TJA ဒုတိယ ဥက္ကဋ္ဌအဖြစ် စတင် တာဝန်ယူခဲ့တာပါ။

နောက်ပိုင်းမှာတော့ အခုစွပ်စွဲချက်ကို ထုတ်ပြောတဲ့ ရှေ့နေ ဆစ်ထရာ ဘိုင်ဘွန်ကက်ဒ်က Wနဲ့စတဲ့ ဒုတိယ ဥက္ကဋ္ဌ ဆိုတာဟာ လက်ရှိ တာဝန်ယူနေသူ မဟုတ်ဘဲ အရင် ဒုတိယ ဥက္ကဋ္ဌဟောင်း တစ်ဦးလို့ ရှင်းလင်းခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ လာဘ်ယူတဲ့ ကိစ္စကို ပုဂ္ဂိုလ်ရေးအရ ကျူးလွန်ခဲ့တာဖြစ်ပြီး TJAနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

TJAရဲ့ အတွင်းရေးမှူးချုပ် ဂျီရာပေါင် ပရာဆက်ပိုလ်ခရွန်ကလည်း စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း လုပ်ဆောင်ခဲ့ပေမယ့် အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့ မှားယွင်းမှု၊ မသင်္ကာစရာတွေ မမြင်ခဲ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။

နောက်ပြီး TJAရဲ့ ငွေအလွှဲအပြောင်း ကိစ္စတွေမှာ ဘဏ်က ငွေလွှဲတာတွေ၊ ချက်လက်မှတ်တွေကိုသာ အသုံးပြုပြီး ငွေသားလက်ခံမှု လုံးဝမရှိဘူး ဆိုတာကိုပါ ဂျီရာပေါင်က တစ်ပါတည်း ရှင်းလင်း ပြောဆိုသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။