Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ် ရေမျက်နီရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ နေအိမ်၂၀၀ကျော် မီးလောင်

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

စောနွေဦး/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရေမျက်နီရွာကို စစ်ကောင်စီတပ်က ဧပြီ၃ ရက်တွင် မီးရှို့ခဲ့ပြီး တစ်ရက်အတွင်း နေအိမ် ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့သည်ဟု ရေမျက်နီရွာသားများကပြောသည်။

(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – CJ)

” မီးလောင်ပေမယ်။ ဘယ်သူမှ မငြိမ်းရဲဘူး ။ ညနေပိုင်းမှာ မီးက လောင်တာရပ်သွားတယ်။ ဒီနေ့အထိ တငွေ့ငွေ့လောင်နေတုန်းပဲ”ဟု အဆိုပါရွာသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျေးရွာအတွင်း ဝင်ရောက်ခဲ့သည့် စစ်ကြောင်းမှာ ကျောမြို့ အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကျော ကပစ-၂၃)မှ စစ်ကောင်စီတပ်သားများ ဖြစ်သည်။

(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – CJ)

လက်ရှိအချိန်ထိ ကျေးရွာအတွင်း ဆက်လက် တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက လက်ရှိအချိန်ထိ ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့နယ်၊ ကျောမြို့ ကပစ-၂၃မှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး အင်အား ၁၀၀ခန့်က ရေမျက်နီရွာကို ဧပြီ ၃ ရက် နံနက်ပိုင်းက ဝင်ရောက်ခဲ့ပြီး ချက်ချင်းမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ထီးလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – CJ)

“ရန်သူတွေမှာ ပြည်သူဆိုတာ မရှိတော့ပါဘူး၊ သူတို့စခန်း မကျရစေရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ လုပ်ရပ်လုပ်ပြလိုက်တာဖြစ်ပါတယ်”ဟု ထီးလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။