Connect with us

Hi, what are you looking for?

News

သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ရာထူးက နှုတ်ထွက်ဖို့ စစ်တပ်ဖိအားပေးခဲ့

ဒါပေမယ့် သမ္မတ ဦးဝင်းမြင့်က သူဟာကျန်းမာရေးကောင်းမွန်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက သမ္မတအိမ်တော်မှာ ဖြစ်ခဲ့တာတွေကို သမ္မတ ဦးဝင်းမြင့်က ဒီနေ့ တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။

အဲဒီနေ့မနက်ပိုင်းကသမ္မတအခန်းထဲ ကို စစ်တပ်အရာရှိအကြီးပိုင်း ၂ ဦး ဝင်လာပြီး ကျန်းမာရေး အကြောင်းပြချက်နဲ့ သမ္မတ ရာထူးကနေ နှုတ်ထွက်ဖို့ ပြောခဲ့တဲ့အကြောင်း သမ္မတ ဦးဝင်းမြင့်က တရားရုံးမှာထွက်ဆို တယ်လို့ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

ဒါပေမယ့် သမ္မတ ဦးဝင်းမြင့်က သူဟာကျန်းမာရေးကောင်းမွန်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ငြင်းပယ်တာကြောင့် ထိခိုက်နစ်နာမှုရှိလာမယ်လို့ အဲဒီစစ်ဘက်အရာကြီး ၂ ဦးက သတိပေးခဲ့တယ်လို့ လည်း တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် သမ္မတ က ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးက နှုတ်ထွက်ပေးမယ့် သဘောတူညီမှု ယူမယ့်အစားအသေခံလိုက်မယ်လို့ သတိပေးတဲ့စစ်ဘက်အရာရှိကြီးတွေကို တုံ့ပြန်ခဲ့ပါတယ်။

ဆူပူအောင်လှုံဆော်တယ်ဆိုပြီး သမ္မတကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုတဲ့အမှုကို ဒီနေ့အောက်တိုဘာလ ၁၂ ရက်က နေပြည်တော်မှာစစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီအမှုမှာ သမ္မတ ဦးဝင်းမြင့်က သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက အာဏာသိမ်းရာမှာ သမ္မတ အပါအဝင်အစိုးရအဖွဲ့ အကြီးအကဲတွေကိုစစ်တပ်က ကနဦး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်က တင်မြှောက်ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ကာလုံအစည်းအဝေးခေါ်ပြီး တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။