Connect with us

Hi, what are you looking for?

သတင်း

ဆင်ဘိုမြို့ရှိ ခလရ(၁၄၁)တပ်ရင်းဌာနချုပ်ကို KIA ယနေ့ ညနေတွင် အပြီးသတ်သိမ်းပိုက်

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KIA)

“လွင်ပြင်မှာ ထီးထီးဖြစ်နေတဲ့ တောင်ကုန်းမှာ အခြေစိုက်ထားတော့ ဗျူဟာအခင်းအကျင်းတွေ ပြောင်းပြီးတိုက်မှ အခုပြန်ရတာ” – စစ်ရေးသတင်းရင်းမြစ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် သိမ်းပိုက်နိုင်ခြင်းမရှိ၍ မတ်လ နှင့် ဧပြီတို့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၂၈ရက် ညနေ ၆နာရီခွဲတွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – KIA)

“ရန်သူ မထွက်ပြေးဘူး။ မိမိဘက်မှ တိုက်ခိုက်ချေမှုန်းတာ”ဟု ဆင်ဘို ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု အပေါ် စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါ တပ်ရင်းသိမ်းပိုက်ရန် KIAက ဧပြီ ၂၆ရက်တွင် ပြန်လည်ထိုးစစ်ဆင်ရာ ကာကင်း ၁ခုကို သိမ်းနိုင်ခဲ့ပြီး ၂၇ရက်တွင် နောက်ထပ် ကာကင်း တစ်ခုသိမ်းပိုက်နိုင်ခဲ့သည်။

ယနေ့ ညနေပိုင်းတွင် တပ်ရင်းဌာနချုပ်အား လေကြောင်း ပစ်ကူပေးနေသည့်ကြားမှာ သိမ်းပိုက်ခဲ့ရာ လက်ရှိတွင် ရှင်းလင်းနေဆဲဖြစ်သည်ဟုဆိုသည်။

“ခလရ (၁၄၁)က လွင်ပြင်မှာ ထီးထီးဖြစ်နေတဲ့ တောင်ကုန်းမှာ အခြေစိုက်ထားတော့ ဗျူဟာ အခင်းအကျင်းတွေ ပြောင်းပြီး တိုက်မှ အခုပြန်ရတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဆင်ဘို ခလရ(၁၄၁)တပ်ရင်း သိမ်းပိုက်မှု၊ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်နှင့် အရှင်ဖမ်းဆီးရရှိမှု ရှိမရှိ အခြေအနေများ၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIA အနေဖြင့် ယခုနှစ်အတွင်း ဖားကန့်၊ မြစ်ကြီးနား၊ မံစီ၊ တနိုင်း၊ ဝိုင်းမော်၊ မိုးမောက်၊ လိုင်ဇာအနီးဒေသများ၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်-လွယ်ဂျယ်လမ်း ၊ ဗန်းမော်-မြစ်ကြီးနားလမ်း တို့မှ စစ်ကောင်စီတပ်စခန်းအများအပြားကိုသိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။