Connect with us

Hi, what are you looking for?

သတင်း

KIAနှင့် စစ်ကောင်စီတပ် မြစ်ကြီးနားမြို့နယ်တိုင်လွမ့်ရွာအနီး တိုက်ပွဲဖြစ်

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

(KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊တိုင်လွမ့်ရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း၌ ဖော်ပြသည်။

KIA အမှတ်(၂)တပ်မဟာ အမှတ်(၁၁) တပ်ရင်း နယ်မြေ ဖြစ်သည့် အဆိုပါဒေသသို့ စစ်ကောင်စီတပ်ကစစ်​ကြောင်းထိုးလာ၍ KIAက စောင့်ကြို တိုက်ခိုက်ခဲ့ရာ မတ်လ ၁ရက်နေ့ နံနက် ၁၀နာရီ ခန့်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့သည်ဟု​ဖော်ပြထားသည်။

မနက်ပိုင်းတိုက်ပွဲမှာမိနစ် (၂၀ )ဝန်းကျင်ကြာပြီးနှစ်ဖက် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်ကထပ်မံထိုးစစ်ဆင်လာ၍ တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးရာအနီးတစ်ဝိုက်ရှိပြည်သူများကို ဖမ်းဆီးခေါ်​ဆောင်သွား​ကြောင်း​ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

အဆိုပါဒေသ၌ ဖေဖော်ဝါရီ ၂၈ရက်ကတည်းက စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်လာ၍ KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့​သေးကြောင်းလည်းသိရ သည်။

KIAနှင့်စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်းမြောက် မူဆယ် – ကွတ်ခိုင်ကြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။