Connect with us

Hi, what are you looking for?

သတင်း

KIAနှင့် စစ်ကောင်စီတပ် မြစ်ကြီးနားမြို့နယ်တိုင်လွမ့်ရွာအနီး တိုက်ပွဲဖြစ်

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

(KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊တိုင်လွမ့်ရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း၌ ဖော်ပြသည်။

KIA အမှတ်(၂)တပ်မဟာ အမှတ်(၁၁) တပ်ရင်း နယ်မြေ ဖြစ်သည့် အဆိုပါဒေသသို့ စစ်ကောင်စီတပ်ကစစ်​ကြောင်းထိုးလာ၍ KIAက စောင့်ကြို တိုက်ခိုက်ခဲ့ရာ မတ်လ ၁ရက်နေ့ နံနက် ၁၀နာရီ ခန့်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့သည်ဟု​ဖော်ပြထားသည်။

မနက်ပိုင်းတိုက်ပွဲမှာမိနစ် (၂၀ )ဝန်းကျင်ကြာပြီးနှစ်ဖက် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

မွန်းလွဲပိုင်း၌ စစ်ကောင်စီတပ်ကထပ်မံထိုးစစ်ဆင်လာ၍ တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးရာအနီးတစ်ဝိုက်ရှိပြည်သူများကို ဖမ်းဆီးခေါ်​ဆောင်သွား​ကြောင်း​ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

အဆိုပါဒေသ၌ ဖေဖော်ဝါရီ ၂၈ရက်ကတည်းက စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်လာ၍ KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့​သေးကြောင်းလည်းသိရ သည်။

KIAနှင့်စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်းမြောက် မူဆယ် – ကွတ်ခိုင်ကြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အား ဖေဖော်ဝါရီ ၂ရက်ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်သုံပန်းအချို့ ဖမ်းမိထားကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း၌ သတင်းဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြိုရှိ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၁၄ရက်ညပိုင်းတွင် ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မြစ်ဆုံအထက်ဘက်၊ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဝေရှီးနှင့် ဂွေထော်ကျေးရွာအကြား၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီအကြား ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ် ၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦး​ဆောင်​သော ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ​ဖေ​ဖော်ဝါရီ ၁၁ ရက်ညတွင် ဖော်ပြထားပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့ကြောင်း အသိပေးသည်။