Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ၊ဆယ်ဇင်းရွာမှ ခမရ ၁၁၆ စခန်းကို KIA နှင့် PDFပူးပေါင်းတပ် သိမ်းယူ

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်”ဟုပြောသည်။

(KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-KIA )
(KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-KIA )

▪️ပန်းဒင်စခန်းကိုလည်း ထပ်မံတိုက်ခိုက်နေဟုဆို

ဟန်နွေ ၊​ဇော်ရမ်း /People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ စစ်ကောင်စီ​၏ ခမရ(၁၁၆)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်က ယနေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

” ဆယ်ဇင်းက စစ်တပ်ကုန်းကို သိမ်းလိုက်ပြီ။ နယ်မြေရဲစခန်းလည်း ဟိုတလောက လက်နက်ချအညံ့ခံလိုက်တယ်ဆိုတော့ ဘာမှမကျန်တော့ဘူး။ ည ၁နာရီခွဲလောက်က ရတာ”ဟု People’s Spring ၏ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်”ဟုပြောသည်။

Public Service Announcement

Public Service Announcement

ဆယ်ဇင်းစခန်း သိမ်းနိုင်ပြီဖြစ်၍ ဒေသခံများအနေဖြင့် ဝမ်းသာနေကြကြောင်းလည်း ဆယ်ဇင်းဒေသခံက ပြောသည်။ထို​ကြောင့် ဆယ်ဇင်းတွင် ရှမ်းနီတပ်စခန်းတစ်ခုသာကျန်ရှိ​​တော့​ကြောင်းသိရသည်။

(KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-KIA )
(KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-KIA )

“တစ်နိုင်ငံလုံးမှာ ရှိတဲ့ စကစ စခန်းတွေအားလုံး သိမ်းပြီးလေကောင်းလေပါပဲ။ ဒီစကစ စခန်းတွေအကုန်လုံး ကုန်သွားပြီး ဒီမိုကရေစီ ရသွားလေကောင်းလေပေါ့”ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

ဆယ်ဇင်းဒေသ စစ်ကောင်စီစခန်း သိမ်းပိုက်နိုင်မှုနှင့်ပတ်သက်ပြီး ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်အချို့နှင့် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ယနေ့ သိမ်းယူလိုက်သည့် စစ်ကောင်စီတပ်စခန်းသည် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် ရှမ်းနီအဖွဲ့(SNA) ပူးပေါင်းတပ်စွဲထားသည့်စခန်းဖြစ်သည်။ တိုက်ပွဲအတွင်း အသေးစိတ်အခြေနေကို KIA ကမကြာမီသတင်းထုတ်ပြန်မည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် PDF ပူးပေါင်းတပ်သည် ဧပြီ ၉ရက် နံနက်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းနှင့် နန့်ယားစရဲစခန်းကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သည်။ ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ဦးသည် ယင်းနေ့တွင် လက်နက်ချအညံ့ခံခဲ့သည်။ နန့်ယားစခန်းကိုမူ KIAဧပြီလ ၁၁ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

” လက်နက်ချအညံ့ခံတဲ့အထဲ ကျတော့် ဆရာတွေပါသွားတယ်။ ဆယ်ဇင်းလည်း ဒီမနက် ကျသွားပြီလို့ သတင်းရတယ်။ အဲ့တကြော(ဖားကန့် လမ်း)ကတော့ KIA ထိန်းချုပ်နိုင်တော့မယ်ထင် တယ်”ဟု ဖားကန့်မြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့နံနက်တွင်လည်း ဖားကန့်နှင့် လုံခင်းကြားမှ ပန်းဒင်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်က တိုက်ခိုက်နေပြီး ဖားကန့်မြို့ပေါ်မှ သေနတ်သံများကြား‌နေရကြောင်းဒေသခံများက ပြောသည်။

” ပန်းဒင်ဂိတ်စခန်းကို ဝင်ပစ်တယ်။ အသံတွေ ကြားနေရတယ်။ လူတွေတော့ အပြင်မထွက်ဘဲ အခြေအနေစောင့်ကြည့်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်​ဒေသသို့အင်အားဖြည့်ရန်စစ်ကောင်စီတပ်က ကြိုးစားလာ၍ KIA က ဖြတ်တောက်တိုက်ခိုက်​နေစဥ် ဖားကန့်ရှိ စစ်တပ်က ဧပြီလ ၂၆ရက်ည၌လက်နက်ကြီးပစ်ခတ်နေပြီး လေကြောင်းမှလည်း ကင်းထောက်နေသည်။

သတင်း

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ဖားကန့်တွင် အင်အားဖြည့်ရန်လာ​သောစစ်​ကြောင်းအထိနာ၍ ​နောက်ပြန်ဆုတ်

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦး​ဆောင်​သောပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၅ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးထပ်မံသိမ်းနိုင်ခဲ့​ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။