Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးမဖိတ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးမယ်

အဲဒီအစည်းအဝေးကို အာဆီယံ ဥက္ကဋ္ဌ ဘရူးနိုင်းကနေ ကမကထ လုပ်ကာ အွန်လိုင်းကနေ လာမယ့်သောကြာနေ့မှာ ပြုလုပ်မှာ လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အာဏာသိမ်းမြန်မာစစ်ကောင်စီခေါင်းဆောင်ကို ချန်လှပ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနိုင်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေလာမယ့် သောကြာနေ့ မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို အာဆီယံ ဥက္ကဋ္ဌ ဘရူးနိုင်းကနေ ကမကထ လုပ်ကာ အွန်လိုင်းကနေ လာမယ့်သောကြာနေ့မှာ ပြုလုပ်မှာ လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီအစည်းအဝေးပေါ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုတာမျိုးမရှိပါဘူး။

မြန်မာ့အရေးကို ဖြေရှင်းဖို့ စစ်ကောင်စီပါ သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့ပျက်ကွယ်တာကြောင့် စစ်ကောင်စီကို အာဆီယံနိုင်ငံအချို့က ဝေဖန်တာတွေရှိနေပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆို ဒီလိုပျက်ကွက်မှုတွေအပြင် အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းမှုမတိုးတက်ရင် စစ်ခေါင်းဆောင် ထိပ်သီးအစည်းအဝေးတက်ဖို့ ခက်ခဲလိမ့်မယ်လို့ ထုတ်ပြောထားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို ဒီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတာပါ။

(ဧပြီလက စစ်ကောင်စီခေါင်းဆောင်ကိုတက်ခွင့်ပြုတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတွေ့ရစဉ်)

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။